နောက်ဆုံးရသတင်းများ

မိုးကောင်းတွင် လူငယ်နှစ်ဦးစကားများရန်ဖြစ်နေစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံး

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး၏ တူတော်စပ်သူနှင့် စကားများရန်ဖြစ်သည့် လူငယ်တစ်ဦး ယနေ့ နံနက် ၉ နာရီခန့်က မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဆွမ်ပရာဘွမ်က နောက်ဆုံးတပ်စခန်းကို စစ်ကောင်စီ အပြင်းအထန်ခုခံနေ၊ တစ်ရက်အတွင်း ဗုံး ၁၀၀ ကျော်ကြဲချဟုဆို

ဆွမ်ပရာဘွမ်မြို့တွင် နောက်ဆုံးကျန်ရှိသည့် တပ်စခန်း အသိမ်းမခံရရေးအတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။

စစ်ရေးအရအရေးပါသည့် ယော်ယုံစခန်းအပါအဝင် စခန်းခြောက်ခုထက်မနည်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်က ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမောက်-လွယ်ဂျယ်လမ်းမပေါ်ရှိ ယော်ယုံတောင်စစ်ကောင်စီတပ်စခန်းအပါအဝင် တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အရက်သောက်ပြီး စခန်းကိုပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များဖမ်းမိ

ပုလဲမြို့နယ်တွင် အရက်သောက်ပြီးပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှူးတစ်ဦးကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF က ယမန်နေ့ နံနက် ၁၁...

မြစ်ကြီးနားတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် နေအိမ်နှစ်လုံးပျက်စီး၊ ဒေသခံနှစ်ဦးဒဏ်ရာရ

မြစ်ကြီးနားမြို့ပြင်တွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း...

KIA မတိုက်ခင်ကတည်းက ထွက်ပြေးသွားသော စစ်ကောင်စီစခန်း ၆ ခုရှိနေ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိဘဲ စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ရင်းစခန်းအပါအဝင် စခန်းငယ် ၆ ခုရှိကြောင်းသိရသည်။

မိုးကောင်းတွင် စစ်ကောင်စီတပ်စခန်းအနီး မိုင်းနင်းမိပြီး အမျိုးသားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းကြောင့် ယမန်နေ့ ညနေ ၃ နာရီခန့်က မိုးကောင်းမြို့မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီစခန်းနှစ်ခုကို  KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းတပ်စခန်းနှစ်ခုကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်စခန်းများတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေ

ဗန်းမော် – လွယ်ဂျယ်လမ်း၊ စိန်လုံတောင်အနီးရှိ စစ်စခန်းများတိုက်ခိုက်ခံနေရသဖြင့် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မိုးကောင်းအနီးရှိ စစ်ကောင်စီစခန်းကို KIA တိုက်ခိုက်

မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လွယ်လီယာန်အုပ်စုရှိ ဂိတ်ကြေးကောက်ခံလေ့ရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး...

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးထားသူများကို ပြန်ဖြေခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်

လုံခြုံရေးအခြေအနေများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဟု စစ်ကောင်စီကကြေညာခဲ့ကြောင်းသိရသည်။

နောင်းချိန်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ပြည်သူ ၃၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာသို့ရောက်ရှိနေသည့် အောင်မြေ (၁) ကျေးရွာမှ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်အတွက် စားဝတ်နေရေး၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။