Month: June 2021

စစ်ကောင်စီလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၁ ဇွန်လတွင် ပြုလုပ်မည့် အိတ်ဖွင့်တင်ဒါကို ဝယ်ယူခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း မပြုရန် NUG သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တိုက်တွန်း‌နိုးဆော်ချက်မှ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းမှ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိတ်ဖွင့်တင်ဒါ/ Limited တင်ဒါများတွင် သစ်လုံး/ခွဲသားများကို ၀ယ်ယူခြင်းနှင့် ပူးပေါင်းပါ၀င်ခြင်း လုံးဝ (လုံးဝ)...

မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်တွင် ဓားခုတ်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ်စာသင်ကျောင်းအနီးတွင် ယနေ့ ဇွန်လ ၁၇ ရက် ည ၉ နာရီခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦး ဓားဖြင့် ခုတ်ခံရကြောင်းသိရသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ​ကြောင့် မ​နောင်ကွင်းအတွင်း အမှိုက်သရိုက်များဖြင့် ညစ်ပတ်ရှုပ်ပွနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကချင်ရိုးရာမနောင်ကွင်းတွင် အလည်အပတ်လာ​ရောက်သူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ​​ကြောင့် ညစ်ပတ်ရှုပ်ပွ​နေ​ကြောင်းသိရသည်။

နောင်မွန်မြို့ရှိ KBC ဓမ္မဆရာများ၏ နေအိမ်များကို စစ်သားများ ဝင်ရောက်စစ်ဆေးသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ KBC ဓမ္မဆရာများ၏ နေအိမ်များအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများရှိနေသည်ဆိုသည့်သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ဒေသခံ ဓမ္မဆရာများထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ညအချိန်ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့‌ကြောင်းသိရသည်။

စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များ အကျည်းတန်ကြောင်း ပညာရေးဒုဝန်ကြီးပြော

ကလေးများ ပညာသင်ကြားသည့် စာသင်ကျောင်းရပ်ဝန်းအတွင်း တပ်စွဲထားသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များသည် အကျည်းတန်ရုပ်ဆိုးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ပြောကြားလိုက်သည်။

ဟိုပင်မြို့ရှိ အလကခွဲကျောင်းတွင် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဟိုပင်မြို့ အင်းလေးကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်းကို ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ည (၁၂)နာရီခွဲခန့်တွင် မီးရှို့ခံရကြောင်း သိရသည်။