မြစ်ကြီးနားတွင် အုပ်စုလိုက်ရန်ဖြစ်နေသူများ အဖမ်းခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ရှိန်ရှင်းအပေါင်ဆိုင်ရှေ့တွင် လူငယ်တချို့ကို အရပ်ဝတ်များနှင့် လက်နက်ကိုင်တချို့မှ ယနေ့နေ့လယ် တစ်နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသော မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ NLD ဥက္ကဌ မိသားစုနှင့်တွေ့ခွင့်မရ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၏ NLD ရပ်ကျေး ဥက္ကဌဖြစ်သူ ဦးကျော်အုန်းသည် ဖမ်းဆီးခံရပြီး ၇ရက်နေ့မြောက်အထိ မိသားစုများနှင့် တွေ့ခွင့်မရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။
ရွှေကူတွင် စစ်ကောင်စီတပ်များ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များက အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးမှုပြုလုပ်ေနကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးတွင် စစ်ကောင်စီနှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးတွင် ယနေ့ နံနက် ခြောက်နာရီခန့်တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ကယားပြည်နယ်တွင် စစ်ရှောင်များ၏ ဆန်အိတ်၊ ဆေးဝါးများနှင့် လူမှုကူညီရေးကားကို စစ်ကောင်စီမီးရှို့ဖျက်ဆီး
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် လွယ်ယင်းတောင်ခြေကျေးရွာတွင် ဇွန်လ ၉ ရက်နေ့ညက ကရင်နီစစ်ဘေးရှောင်များ၏ ဆန်အိတ်များနှင့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အာကာထွန်းအကြမ်းဖက်အာမီ
ကာတွန်း – နာနတ်သီး
ဝေးလန်ခေါင်ဖျား ပူတာအို-ခေါင်လန်ဖူးလမ်းပေါ်တွင် မော်တော်ယာဥ်များ မကြာခဏ တိမ်းမှောက်လျှက်ရှိ
ကချင်ပြည်နယ်အတွင်းရှိ ပူတာအို – ခေါင်လန်ဖူး သွားရာလမ်းပေါ်ရှိ ဆန်းလွှတ်ချက်တောင်ကြားလမ်းတွင် မော်တော်ယာဥ်များ မကြာခဏတိမ်းမှောက်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ဝိုင်းမော်မြို့နယ် ဝါရှောင် ၁၃မိုင်ဂိတ်ကို KIA သွားရောက်တိုက်ခိုက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင် ၁၃ မိုင်ဂိတ်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။