စစ်ကောင်စီ၏ စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဗလမင်းထင်တံတားဖြတ်သန်းခွင့် အချိန် ပြောင်းလဲသတ်မှတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကိုဖြတ်ကူးတည်ဆောက်ထားသော ဗလမင်းထင်တံတားအနီးရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း တံတားဖြတ်သန်းသွားလာခွင့်အချိန်ကို နံနက်ခြောက်နာရီမှ ညခုနစ်နာရီအတွင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ကန်ပိုင်တည်လမ်း တောင်ပြိုမှု နှစ်ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းသည် တောင်ပြိုမှုဖြစ်ပေါ်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။
မြစ်ကြီးနားစီတာပူတွင် အမျိုးသားတစ်ဦးကိုဗစ်ပိုးတွေ့၊ နေအိမ် Lockdown ချထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့သဖြင့် နေအိမ်တစ်ကို Lockdown ချထားကြောင်း ရပ်ကွက်ကွက်နေပြည်သူများထံမှ သိရသည်။
မိုးမောက်တွင် စစ်ကောင်စီတပ်များက KIA ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွဲ ၃နာရီခွဲခန့်က စစ်ကောင်စီတပ်များက KIA အဖွဲ့ရှိရာ စီဟတ်ကျေးရွာအနီးရှိ ဒေသအခေါ် တာဝါတိုင်ကုန်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြင်ဆင်ထားရန် ဒေါက်တာဇော်ဝေစိုး အသိပေး
မကြာမှီအချိန်အတွင်း D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း၏ လူမူကွန်ယက်စာမျက်နှာဖေစ့်ဘုတ်မှတစ်ဆင့် လူထုကို အသိပေးထားသည်။