Month: June 2021

ကချင်အမျိုးသားအစည်းအရုံး (KNO) က အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၀၈) ကို ကေအိုင်အေ လက်မခံကြောင်း ထုတ်ပြန်ကြေညာ

ကချင်အမျိုးသားအစည်းအရုံး (KNO) က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့ ဖောင်းဆိုင်ဒေသတွင် အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၁၀၈) ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်မခံကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

AA စစ်ဦးစီးချုပ်၏ ညီ၊ ညီမနှင့် ယောက်ဖတို့အပါအဝင် ၁၀ ဦး ပြန်လွတ်ပြီ

ရခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမနှင့် ယောက်ဖတို့အပါအဝင် ၁၀ ဦး ယနေ့ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ နှင့် ဗီဒီယိုဆလိုက်ပြသပွဲကို ဇွန်လ ၉ ရက်နေ့ ယနေ့ နံနက်ပိုင်းက လိုင်ဇာမြို့ရှိ ဖာရတ်ပန်လိုင်ခန်းမတွင် ပြုလုပ်နေသည်။

ဂျော်ဘွမ်ဆု​တောင်း​တောင်သွားရာလမ်းမတွင် စစ်​ကောင်စီတပ် အင်အားအများအပြားဖြင့် ​လာ​ရောက်သွား

မြစ်ကြီးနားမြို့၊ နောင်နန်းကျမ်းစာသင်​ကျောင်းအနီး ဂျော်ဘွမ်ဆု​တောင်းတောင် သွားရာလမ်းတွင် ယနေ့ည ၉ နာရီခွဲခန့်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ​လာ​ရောက်သွား​ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကားရှစ်စီးခန့်နှင့် သံချပ်ကာကားအပါအဝင်...

ဟိုပင်မြို့ မြို့သစ်က​လေး​​​ကျေးရွာမှ အထကခွဲ စာသင်​ကျောင်း မီး​လောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီးရှိ မြို့သစ်ကလေးကျေးရွာတွင် ယနေ့ည ရှစ်နာရီခွဲခန့်က ဟိုပင် အထကခွဲ စာသင်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မံစီတွင် ကေအိုင်အေနှင့် စစ်ကောင်စီတစ်ညလုံးတိုက်ပွဲပြင်းထန်၊ နံနက်ပိုင်းတွင် လေယာဉ်နှင့် ဗုံးကြဲ

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့နံနက် ၉ နာရီဝန်းကျင်၌ပင် စစ်ကောင်စီတပ်များက ကချင်လွပ်လပ်ရေးတပ် KIA ရှိရာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား အ.ထ.က(၁) ​​ကျောင်းအုပ်ဆရာကြီး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အ.ထ.က(၁) ကျောင်းအုပ် ဆရာကြီးဦးသန်းဦးအား ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက ညသပိတ်ဖြိုခွဲပြီး နေအိမ်များကို ဝင်ရောက်စစ်ဆေး

ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၈ ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင် ညသပိတ် ဖြိုခွင်းခံရပြီး နေအိမ်တစ်ချို့တွင် ဝင်ရောက်ရှာဖွေမှုများရှိကြောင်း သိရသည်။