Month: June 2021

မိုးညှင်းမြို့ အ ထက ခွဲ နားခါးတွင် ကျောင်ဆောင်တစ်ဆောင်မီးလောင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ စိန်းရတနာမွန်(မြောက်)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)နားခါကျောင်းတွင် ယနေ့ည ခုနှစ်နာရီဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်​ကောင်စီက စစ်​မျက်နှာသုံး​ကြောင်းဖွင့်ကာ အပြင်းအထန်တိုက်ခိုက်​နေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်မျက်နှာသုံးကြောင်းဖွင့်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFအား တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိနေသည်ဟု သိရသည်။

ဖားကန့်တွင် ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက်ကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

လုံးခင်း ညသပိတ်ပြုလုပ်သည့်နေရာတွင် ဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-(က) နှင့် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ သင်္ဘောပေါ်မှ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့ မွန်းလွဲ တစ် နာရီခန့်က စစ်ကောင်စီတပ်၏ သင်္ဘောမှ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပေါင်တွင် လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ဆယ်နှစ်ပြည့်နှင့် ပတ်သက်ပြီး KPICT ၏ သဘောထား ထုတ်ပြန်ချက်မှာ

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တစ်ဖန်အသက်ဝင်ခဲ့သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲခရီးကြမ်းသည် လာမည့် ၂၀၂၁ ဇွန်လ ၉ ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်။ တစ်နည်းအားဖြင့်...

ရွှေကူတွင် စစ်ကောင်စီတပ်၏သင်္ဘောပေါ်မှ ရွာထဲသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ပေါက်ကုန်းကြီးကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်များသည် သင်္ဘောပေါ်မှ ရွာထဲသို့ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ...

စစ်ကောင်စီယာဉ်တန်းများကို ကေအိုင်အေက ၂၄ နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်

ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများကို ကေအိုင်အေက ၂၄ နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။