Month: June 2021

မိုး​ကောင်း မြို့မစည်ပင်​စျေး မီးရှို့ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်ခန့်၌ မြို့မစည်ပင်ဈေးကြီး မီးရှို့ခံခဲ့ရ​​ကြောင်း သိရသည်။

မြစ်ကြီးနား အ.ထ.က ၁၁ တွင် ကျောင်းသား ၅၀၀ ကျော် ကျောင်းတက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွင့်ပြီး သုံးရက်မြောက်နေ့ထိ ကျောင်းတက်သူဦးရေ ၅၀၀ ကျော်ရှိကြောင်းသိရသည်။

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲသောကြောင့် ကေအိုင်အေစစ်သားတစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တရူးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ ညနေ ၅နာရီ ၂၅ မိနစ်ခန့်က စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် KIA တပ်သားတစ်ဦး...

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီက စနိုက်ပါဖြင့် ပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ဇွန်လ ၂ ရက်နေ့ ည ၇ နာရီခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဖမ်းဆီးရမိသည့် သုံ့ပန်းဗွီဒီယို လူမှုကွန်ရက်တွင် ပျံ့နှံ့နေ

ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဖမ်းဆီးရမိသည့် သုံ့ပန်းဗွီဒီယိုတစ်ခု ဖေ့စ်ဘုတ်လူမှုကွန်ရက်ဗွီဒီယိုတွင် ယနေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် ပျံ့နှံ့လာသည်။ ဗွီဒီယိုတွင် ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင်...

ကျောင်းသား ၃၀၀၀ ကျော်ရှိသည့် နန်းမားတွင် ၂၀၀ ကျော်ကျောင်းတက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကျောင်းသား ၃၀၀၀ ဝန်းကျင်ရှိသည့် နန်းမားမြို့တွင် ယခုတစ်ပတ်မှစတင်ကာ ကျောင်းတက်နေသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၀ ကျော် ရှိကြောင်းသိရသည်။