Month: June 2021

သပိတ်မစတင်ခင် သေနတ်ဖောက်မှုများရှိ​နေ​သော်လည်း ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှ ပြည်သူအချို့ က ယ​နေ့ ဇွန်လ ၂၄ရက်​နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်ခဲ့သည်။

သူပုန်ကျောင်းအုပ် အလိုမရှိဟု ရေးသားထားသော ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီး

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ရပ်ကွက် ၂ ရှိ “သူပုန်ကျောင်းအုပ်အလိုမရှိ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ယနေ့ ဇွန်လ ၂၄ ရက်နေ့၊ နေ့လည် ၁၁ နာရီခန့်က...

မိုးညှင်းတွင် အကဆရာတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် ရှစ်နာရီခန့်က ရေလည်ကျွန်းရပ်ကွက်တွင်နေထိုင်သော အကဆရာတစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

ဗလမင်းထင်တံတားကို ပြန်လည်ဖြတ်သန်းခွင့်ပြု၊ တိုက်ခိုက်ခံရသည့် စစ်ဆေးရေးဂိတ်တွင် မည်သူမှမရှိ

ကချင်ပြည်နယ် ဧရာဝတီမြစ်ပေါ်ရှိ ဗလမင်းထင်တံတားကို ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီမှ စ၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ယမန်ညက ကချင်လွတ်မြောက်ရေးတပ် (KIA)...

ချီဖွေတွင် CDM ပြည်နယ်သူနာပြုဦးစီးမှူး ဖမ်းဆီးခံရ

CDM လှုပ်ရှားမှုတွင်ပါဝင်သော ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ​ဒေါ်လာချိတ်လွမ်းညွယ်ကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချီ​ဖွေမြို့ရှိ နေအိမ်မှ ဖမ်းဆီး...

မန္တလေး PDF သည် ဥပဒေနှင့်အညီ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန မန္တလေးမြို့တွင် (၂၂.၆.၂၀၂၁) ရက်နေ့ကဖြစ်ပွားခဲ့သော လက်နက်ကိုင် ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) ၂၄ ဇွန်လ ၂၀၂၁

မိုးညှင်းမြို့ နားခါရပ်ကွက်တွင် စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ လူနှစ်ဦးကို ဖမ်းခေါ်သွား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ မြို့မဈေးထောင့်တွင် ယနေ့ည ရှစ်နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့တင်များက ပြည်သူများကို လိုက်လံပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲ

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်တွင် ယနေ့ည ၉ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗလမင်းထင်တံတားအနီးရှိ မိုင်းနားစုပေါင်းဂိတ်ကို ကေအိုင်အေတိုက်ခိုက်ခဲ့ကြောင်း အတည်ပြု

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားစုပေါင်းဂိတ်ကို ယနေ့ညနေ ဇွန်လ၂၃ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်ခန့်က ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။