မိုးမောက် အ.ထ.က ဗုံးပေါက်ကွဲမှုတွင် ဆရာမတစ်ဦးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မိုင်းပေါက်ကွဲခဲ့ရာ ဆရာမအနည်းဆုံးတစ်ဦးနှင့် ကျောင်းစောင့်နှစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်းသိရသည်။
မန္တလေးတွင် အရပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်
မန္တလေးတွင် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိနိုင်သည်ဟူသော အစောပိုင်းသတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော ပစ်ခတ်မှုသတင်းများကို မိမိတို့စောင့်ကြည့်နေပါသည်။ စစ်မက်ရေးရာ တင်းမာလာနေမှုကို စိုးရိမ်ပူပန်မိပြီး အကြမ်းဖက်မှုရပ်တန့်ရန်အရေးပေါ်တောင်းဆိုပါသည်။
မြစ်ကြီးနားမှထွက်ခွာလာသည့် လူငယ်ဆယ်ဦး မိုးညှင်းတွင် အဖမ်းခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ အင်ကြင်းကုန်းတွင် ဇွန်လ ၁၉ ရက်နေ့က မြစ်ကြီးနားမှလာသော လူငယ် ၁၀ ဦးကို PDF သင်တန်းဆင်းများဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဟိုပင်မြို့ခံတစ်ဦးတွင် ကိုဗစ်ပိုးတွေ့၊ မြစ်ကြီးနားတွင် ကွာရန်တင်းဝင်နေ
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ နယ်မြေ (၅) တွင် နေထိုင်သူ အမျိုးသားတစ်ဦးတွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
မန္တလေး PDF လေးဦးကျဆုံး ၈ ဦးဒဏ်ရာရ
မန္တလေးမြို့ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် ယနေ့နံနက်က မန္တလေး PDF နှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်ကြရာ PDF တပ်ဖွဲ့ဝင်လေးဦးကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု...
ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် ခရီးသွားပြည်သူ ငါးဦး အဖမ်းခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ဂိတ်တွင် လွန်ခဲ့သော ဇွန်လ ၂၀ ရက်နေ့က ခရီးသွားပြည်သူ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖားကန့်မြို့နယ် တာမခန်တွင် စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်၊ စစ်ကောင်စီကားတစ်စီးမီးလောင် တပ်ဖွဲ့ဝင်အချို့သေဆုံး
ဖားကန့်မြို့နယ် တာမခန်မြို့သစ်ကျေးရွာနှင့် ဆယ်ဇင်း ကျေးရွာကြားရှိ ကျောက်ပုံရွာအနီးတွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တို့အကြား...