Month: August 2021

ဝိုင်းမော်တွင် တစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ ၃၂ ဦးတိုး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဩဂုတ် ၁၇ ရက်နေ့တစ်ရက်တည်းတွင ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၂ ဦးထပ်တိုးကြောင်း ဝိုင်းမော်ပြည်သူ့ဆေးရုံအုပ်က သူ၏ ‌ေဖစ့်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

မိုးကောင်းချောင်းရေ မြှင့်တက်လာသောကြောင့် ချောင်းဘေးနေပြည်သူများနှင့် မြေနိမ့်ရပ်ကွက်နေ ပြည်သူများ စိုးရိမ်နေ

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ မိုးကောင်းချောင်းရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၅၀ စင်တီမီတာခန့်သာ လိုတော့ကြောင်းသိရသည်။

စစ်ကောင်စီဖမ်းဆီးသွားသော ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းများ မိသားစုနှင့်တွေ့ခွင့်မရသေး

စစ်ကောင်စီမှ ဩဂုတ်လ ကိုးရက်နေ့က ဖမ်းဆီးသွားသော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းခြောက်ဦးသည် ယနေ့အချိန်အထိ မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း သိရသည်။

နန့်မွန်းမြို့တွင် နှစ်လောင်းပြိုင် အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်သူများလွတ်မြောက်နေဆဲ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ ဘီလူးကပ်ကျော်ဘုရားအနီးရှိ တောစပ်တစ်နေရာတွင် လွန်ခဲ့သည့် ဇွန်လက မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားသည့် တရားခံများအား ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်မှ Lockdown ကျ အိမ်ထောင်စုများ၊ ရေဘေးသင့် အိမ်ထောင်စုများအတွက် မင်းရပ်ရပ်ကွက်ရှိ ဂျာမေ့ဗဟိုဗလီကြီးဂေါပကအဖွဲ့မှ ဦးဆောင်ကာ အကျိုးဆောင် မွတ်စလင်မ် အသင်းမှတဆင့် ဘာသာပေါင်းစုံ အလှူရှင်များ စုပေါင်းလှူဒါန်း

မြစ်ကြီးနား ရမ်ပူရပ်ကွက်မှ ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက် ကူညီ

မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်တွင် ရေကြီးရေလျှံမှုကြောင့် အသွားအလာ ခက်ခဲနေသော ရေဘေးသင့်ပြည်သူများကို ဩဂုတ်လ ၁၄ ရက်နေ့က အလင်းရောင်သစ် ပရဟိတအဖွဲ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။