Month: August 2021

မံစီတွင် မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ရန်ခက်ခဲနေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်မိုင်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားတစ်ဦးခွဲစိတ်မှုပြုလုပ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ် ခ.လ.ရ (၅၈) က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးကို ယနေ့သဂြိုလ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) (၅၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဝိုင်းမော်မြို့...

မြေပြိုမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က မြေပြိုမှုကြောင့် နေအိမ်များပျက်စီးသွားပြီး စစ်ရှောင်ပြည်သူအချို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဝိုင်းမော်-ဝါးရှောင်ကားလမ်းမကြီးတွင် ရေကြီးနေ

ကချင်ပြည်နယ် ဝိုင်းမော် – ဝါးရှောင်လမ်းမကြီးပေါ်ရှိ ဝူယန်ကျေးရွာနှင့် လမြန်ကျေးရွာကြားရှိ နိမ့်လုံချောင်းတွင် ရေကြီးရေလျှံ့မှုဖြစ်ပေါ်နေကြောင်း ဖြတ်သန်းသွားလာခဲ့သူတစ်ဦးကပြောသည်။

ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ညနေ ၅ နာရီကျော်ခန့်က ခလရ ၅၈ တပ်မှ စစ်သားများ ပစ်ခတ်မှုကြောင့် ဝူယန်မှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ စစ်တပ်ရှေ့မှ ဖြတ်သွားသော...

ကာမိုင်းဂိတ်အနီး စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်၏ ကား ပစ်ခတ်ခံရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ညက မအူပင်ပြည်သူ့စစ်ခေါင်းဆောင်၏ ကားပစ်ခတ်ခံရကြောင်း သိရသည်။ မအူပင် ပြည်သူ့စစ်ခေါင်းဆောင် စီးနှင်းလာသည့် ကားပစ်ခတ်ခံရပြီး ပျက်စီးနေသည်ဟု...

စစ်ရှောင်စခန်းအချို့မှ ကိုဗစ်၁၉ ကူးစက်ခံရသူများ ကျန်းမာရေးအခြေအနေကောင်းမွန်၊ အစားအစာနှင့် ဆေးဝါးအကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ မိုင်းနား KBC စစ်ရှောင်စခန်း၊ RC စစ်ရှောင်စခန်းနှင့် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံစစ်ရှောင်စခန်းတို့မှ ကိုဗစ်ပိုးတွေ့ လူနာများ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း...

မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေအိမ် ၁၅ လုံး ပျက်စီး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြေပြိုကျခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေအိမ် ၁၅ လုံး ပျက်စီးသွားကြောင်းသိရသည်။

မဂါးယန် စစ်ရှောင်စခန်းတွင် မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ရှာဖွေမှုများဆက်လက်ပြုလုပ်နေ

ကချင်ပြည်နယ်၊ ကေအိုင်အို ထိန်းချုပ်ရာဒေသအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်းက မြေပြိုမှုကြောင့် အသက် ၃၈ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။