Month: August 2021

နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀၀ ကျော် သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံနေရာအနှံ့တွင် နှစ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၁၂၀၀ ကျော်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကာမိုင်းမြို့ စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ ညက ပစ်ခတ်ခံရသည့် မအူပင်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဝိုင်းမော်တွင် အဖမ်းခံရသည့်အမျိုးသား ပြန်လွတ်လာ၊ ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာတွင် ကတုတ်ကျင်းတူးထားသောကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လွတ်လာကြောင်းသိရသည်။

ရွှေကူတွင် စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က စစ်ကောင်စီ၏ သင်္ဘောတစ်စင်းဖြတ်လာချိန် ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စင်း...

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယမန့်နေ့ ဩဂုတ်လ ၁၀ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အချို့ကိုပစ်ခတ်ခဲ့သောကြောင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ...

အင်း​တော်ကြီး​ဒေသ မိုင်းနောင်​ကျေး​ရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မိုင်းနောင်ကျေးရွာ အနီးတွင် ယမန်နေ့ ည ၁၀ နာရီခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပစ်ခတ်မှုသည် ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး မည်သူတို့ပစ်ခတ်​နေသည်ကို မသိ​ကြောင်း...

မိုးညှင်းမြို့နယ်အတွင်း မပေါက်ကွဲသေးသော လက်ပစ်ဗုံးကို ကေအိုင်အေက လာရောက်ရှင်းလင်းပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယမန့်နေ့ ဩဂုတ်လ ၁၀ ရက် ည ၁၀ နာရီခန့်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိသေးသည့်...

ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံးကို စစ်ကောင်စီတပ်များ ဝင်စီးပြီး ဝန်ထမ်းများကို ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ် ရုံးခွဲအား ယမန်နေ့ည ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအမြောက်အများဖြင့် ဝင်ရောက်မွှေနှောက်ရှာဖွေကာ ဝန်ထမ်း ၆ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။