Month: August 2021

ဖားကန့်လုံးခင်းတွင် သတ်ဖြတ်ခံရသည့်ရဲသည် မူးယစ်ဆေးဝါးရောင်းသူများကို ဆက်ကြေးကောက်သူဖြစ်သည်ဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တွင် ယနေ့ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က မြို့ထဲကင်းပတ်နေစဉ် အမည်မသိအဖွဲ့က ပစ်ခတ်ခံသဖြင့် သေဆုံးသွားသည့်ရဲသည် မူးယစ်ဆေးဝါးရောင်းချသည့်နေရာများတွင်...

ဖားကန့်လုံးခင်းတွင်း ရဲကင်းလှည့်နေစဉ် ပစ်ခတ်ခံရ၊ ရဲဒုတပ်ကြပ်တစ်ဦးသေဆုံးသည်ဟု ဒေသခံများပြေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တွင် ယနေ့ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် မြို့ထဲကင်းပတ်နေစဉ် အမည်မသိအဖွဲ့ လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရွှေကူမြို့နယ် ပြောင်းခင်းတစ်ခုအတွင်း လက်နက်ကြီးကျရောက်ခဲ့သော်လည်း မပေါက်ကွဲသေးသောကြောင့် ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူလေးကျေးရွာအနောက်ဖက် နှစ်မိုင်ခန့်အကွာတွင် လက်နက်ကြီး တစ်လုံး ယမန်နေ့က ကျရောက်ခဲ့ကြောင်း သိရသည်။

တာပိန်ရေလှောင်ကန်မှ ရေများဖောက်ချမည်ဖြစ်သဖြင့် မြစ်ရိုးတစ်လျှောက်ရှိ ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်လို

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ် ရေလှောင်ကန်မှရေများ ဖောက်ထုတ်မည်ဖြစ်သောကြောင့် တာပိန်မြစ်ကြောင်းတစ်လျှောက်တွင်နေထိုင်သည့် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်မှ လူငယ် ၁၀ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ယမန်နေ့က နယ်မြေရှင်းလင်းရေးဟုဆိုကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်းမှ လူငယ် ၁၀ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ခ.လ.ရ (၅၈) ပစ်ခတ်သည့် လက်နက်ကြီးများ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာအုပ်စု ခါ့ကွမ်ရွာလမ်းပေါ်တွင် မပေါက်ကွဲသေးသော လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ဝင်အတွင်းမှ သစ်ပင်တစ်ပင်တွင် လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဝိုင်းမော် ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းအများစု ပြန်လွတ်ပြီ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းငါးဦးကို ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

တပ်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင် ယနေ့ ဩဂုတ်လ ၁၉ရက် နံနက် ၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

တနိုင်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ‌ေချာင်းနှင့် နမ်ဂျယ်‌ေချာင်းအနီးဩဂုတ် ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။