Month: September 2021

ဒီးမော့ဆိုမြို့နယ်အတွင်းတိုက်ပွဲတွင် ပြည်သူ့ဘက်တော်သားနှစ်ဦး ထိခိုက်ကျဆုံး

ဒီးမော့ဆိုမြို့နယ် ကဒါးလာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF၊ KNDF နှင့် KA ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့နံနက်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ပြည်သူ့ဘက်တော်သားနှစ်ဦး ထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။ ကျဆုံးသွားသူနှစ်ဦးမှာ မောင်ဆီမိုးနယ် (ခ)...

တရားလိုမလာသဖြင့် နောင်မွန်မြို့နယ် ဓမ္မဆရာသုံးဦးအမှုကို ရုံးချိန်းရွှေ့ဆိုင်း

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဓမ္မဆရာသုံးဦးကို ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့က ရုံးထုတ်စစ်ဆေးရမည်ဖြစ်သော်လည်း တရားလိုမလာသဖြင့် ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

အင်ခိုင်ဘွမ်ပြိုပြားရင်တောင် ဖက်ဆစ်စစ်တပ်လုံးဝမအုပ်ချုပ်စေရ

“အင်ခိုင်ဘွမ်ပြိုပြားရင်တောင် ဖက်ဆစ်စစ်တပ်လုံးဝမအုပ်ချုပ်စေရ” စာသားကို မြစ်ကြီးနား မနောင်ကွင်းဘေးက ကချင်ပြည်နယ်ကျောက်စိမ်းမြေပုံတွင် ချိတ်ထား #အင်ခိုင်ဘွမ်ပြိုပြားရင်တောင်_ဖက်ဆစ်စစ်တပ်လုံးဝမအုပ်ချုပ်စေရ။

ဖားကန့်မြို့နယ် စပေါ့ကျေးရွာအနီးရှိ ရဲကင်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့‌ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှ ရဲကင်းစခန်းတစ်ခု ယမန်နေ့စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈နာရီ ၄၅ မိနစ်ခန့်က မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။

ဟိုပင်တွင် ယနေ့ညနေက သေနတ်သံနှင့် ဗုံးသံများ ကြားရ

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ် ဟိုပင်မြို့ မြကျွန်းသာရပ်ကွက်အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၀ တွင် ယနေ့ ညနေ ၄ နာရီခန့်က သေနတ်သံများနှင့် ဗုံးသံများ ကြားရကြောင်းသိရသည်။

တန့်ဆည်တွင် နေအိမ်အပြင်မထွက်ရန် စစ်ကောင်စီတားမြစ်ခြိမ်းခြောက်သဖြင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် အိမ်ပြင်ထွက်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရိုက်နှက်သောကြောင့် အပြင်ထွက်ရန် ခက်ခဲပြီး ကျန်းမာရေးနှင့် စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ...

မြစ်ကြီးနားမြို့ ကဝါးခကျေးရွာတွင် ဖမ်းဆီးခံရသည့်လူငယ်များ မိသားစုနှင့် တွေ့ခွင့်မရသေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ စားသောက်ဆိုင်တွင် လူငယ် ၈ ဦး မိသားစုနှင့် တွေ့ခွင့် မရသေးကြောင်း သိရသည်။

လူမှားဖမ်းခံရသည့် မြစ်ကြီးနား ကဝါးခကျေးရွာမှ လူငယ်ရှစ်ဦးအနက် ခြောက်ဦးပြန်လွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခ ကျေးရွာရှိ စားသောက်ဆိုင် တစ်ဆိုင်တွင်စက်တင်ဘာ ၁၁ ရက်နေ့ ဖမ်းခံရသော လူငယ် ရှစ်ဦးအနက် ခြောက်ဦး ယနေ့ ညနေ ငါးနာရီခန့်က...

မြစ်ကြီးနားမြို့ အ.ထ.က(၅) ကျောင်းအနီးရှိ ရဲစခန်းမှ လမ်းသွားလမ်းလာများကို သေနတ်ဖြင့်ပစ်ခတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး အ.ထ.က(၅)ကျောင်းအနီးရှိ အရန်ရဲစခန်းမှ ယမန်နေ့ ည ၈ နာရီခန့်က လမ်းသွားလမ်းလာ ဆိုင်ကယ်မောင်းနှင်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရဲစခန်းမှ...

အင်တာနက်ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်

အင်တာနက်ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ် ဆက်လက်ပြုလုပ်နေသည့် ဖားကန့်မြို့တိုင်းရင်းသားလူမျိုးပေါင်းစုံပင်မသပိတ်စစ်ကြောင်း