Month: September 2021

ရွှေကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် သင်္ဘောပေါ်မှ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ဒဏ်ရာရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယမန်နေ့ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သဖြင့် ပြည်သူ သုံး ဦးထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် သင်္ဘော ရွှေကူရောက်ပြီ

မန္တလေးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသယ်ဆောင်လာသည့် သင်္ဘောတစ်စီး ယနေ့ညနေ ၇ နာရီခန့်က ကချင်ပြည်နယ် ရွှေကူဆိပ်ကမ်းသို့ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်စည်ပင်ဝန်ထမ်းများက အိမ်ခွန်အတင်းအကြပ်ကောက်ခံနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကောင်ကထောင်ရပ်ကွက်တွင် အိမ်ခွန်များကို ၁၀ ရက်အတွင်းပေးဆောင်ရမည်ဟု လိုက်လံကောက်ခံနေကြောင်းသိရသည်။

KNC ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လကို အကျဉ်းထောင်ပို့

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌကို ယနေ့ရုံးထုတ်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

တနိုင်းမြို့နယ် ဒိုက်ဖားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာအုပ်စုရှိ ဒိုက်ဖားကျေးရွာတွင် ယနေ့ မွန်းလွဲနှစ်နာရီခွဲခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကေအိုင်အေကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ဂန့်ဂေါတွင် စစ်ကောင်စီနှင့် PDF အဖွဲ့တိုက်ပွဲပြင်းထန်၊ နှစ်ဘက်အကျအဆုံးရှိ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ နေအိမ်များကို...

စားဝတ်နေရေးခက်ခဲလာသဖြင့် ပူတာအိုမြို့နယ် တန်ဂျာစစ်ရှောင်ပြည်သူများ နေရပ်ပြန်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံရှာယန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြသော တန်ဂျာဒေသခံများ အားလုံး နေရပ်ပြန်ပြီဖြစ်ကြောင်း သိရသည်။