Month: September 2021

ဂန့်ဂေါမြို့နယ်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာနှင့် သာလင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးဆိပ်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးဆိပ်ကမ်းတွင် စစ်ကောင်စီတပ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာ ပြည်သူများကို ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

နန်းမားမြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းနှစ်ဦးကို အင်အားအလုံးအရင်းဖြင့် ဖမ်းဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်းထမ်းနှစ်ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့ ညနေတွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ပူတာအို လုံရှာယန်ကျေးရွာတွင် တောင်ယာစပါးများကို ကျိုင်းကောင်များ ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာရှိ တောင်ယာစပါးနှင့် သစ်သီးပင်များကို ဩဂုတ်လမှ စတင်၍ ကျိုင်းကောင်ဖျက်ဆီးနေသဖြင့် ဒေသခံများစပါးရိတ်သိမ်းစရာ မကျန်သည်အထိ ကြုံတွေ့နေရသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ အထက(၁)​ကျောင်းအနီးတွင် လူငယ် ၇ဦးထက်မနည်း ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ ၊ ဧရာရပ်ကွက်၊ အ.ထ.က(၁)​ကျောင်းအနီးရှိ ကျောက်စိမ်းတုံးအဝိုင်းပတ်ရှေ့တွင် ယနေ့ည ၄နာရီခွဲအချိန်ခန့်က လူငယ် ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း ယနေ့နံနက်တိုက်ပွဲတွင် စစ်ကောင်စီလေးဦးသေ၊ အများအပြားဒဏ်ရာရ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လဂျားဘွမ်နှင့် ရှိန်လုံဂါးကျေးရွာကြား စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်များ ယနေ့နံနက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေပြီး ထိခိုက်ဒဏ်ရာရသူများသည်ဟု သိရသည်။

မြစ်ကြီးနား မော်ဖောင်းရပ်ကွက်မှ ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသားကွယ်လွန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်းရပ်ကွက်တွင် ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသား ရရှိထားသည့်ဒဏ်ရာကြောင့် ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

မိုးမောက်တွင် စစ်ကောင်စီတပ် ၂၀၀ ခန့် ကေအိုင်အေတပ်စခန်းဘက်သို့ ထွက်ခွာ

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့နံနက် ၆ နာရီခန့်က ဒေါ့ဖုန်းယန်မြို့နယ်မှ မိုးမောက်မြို့နယ်သို့ ထွက်ခွာသွားကြောင်း သိရသည်။

ကေအိုင်အေက လမ်းပိတ်ဆို့ပြီး တစ်ရက်အကြာ တနိုင်းမြို့နယ် ရှိန်လုံဂါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ တနိုင်း-ရှင်ဗွေယန်လမ်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပိတ်ဆို့လိုက်ပြီး တစ်ရက်အကြာ ရှိန်လုံဂါးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း...

တနိုင်း-ရှင်ဗွေယန် ကားလမ်းကို KIA ရက်အကန့်အသတ်မရှိပိတ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ တနိုင်းနှင့်ရှင်ဗွေယန်ကိုသွားသည့်လမ်းမကို KIA အဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ဆို့လိုက်ကြောင်း သိရသည်။

တန့်ဆည်မြို့ သစ္စေးပင်လှကျေးရွာရှိ မိုင်တဲ (Mytel) တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာ အနောက်ဘက်ရှိ မိုင်တဲ (Mytel) တာဝါတိုင် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။