Month: September 2021

ပူတာအိုတွင် ပြည်သူပိုင်မြေယာအချို့ကို လမ်းဖောက်လုပ်ရန် စစ်ကောင်စီ စီစဉ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ကြားရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ လမ်းဖောက်လုပ်ရန် ပြုလုပ်နေကြောင်း သိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ ခန့်သေဆုံးကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံနှံ့တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၅၈၀ ခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မုံကိုးမြို့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ မီးပြတ်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဓာတ်အားစနစ်တိုးတက်ရေးအတွက် နှစ်ထပ်လိုင်းအဆင့်မြှင့်တင်ခြင်းပြုလုပ်မည်ဖြစ်သဖြင့် ရပ်ကွက်တချို့တွင် ဓာတ်အားလိုင်းဖြတ်တောက်မည်ဟု သိရသည်။  

မိုးညှင်းမြို့တွင် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခံရသူများ မိသားစုနှင့် တွေ့ခွင့်မရသေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပင်ဟဲကျေးရွာတွင် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူများ ဒေသခံခြောက်ဦး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ငါးလတာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူ (၂၄) ဦး သေဆုံး

ကချင်ပြည်နယ်အတွင်း မတ်လ (၁၁) ရက်နေ့မှစတင်ကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်ပြီး ကလေးသူငယ် (၃) ဦးအပါအဝင် ပြည်သူ (၂၄) ဦး သေဆုံးခဲ့သည်။

အင်ဂျန်းယန်မြို့နယ်အတွင်း ကြွက်များသောင်းကျန်းနေသဖြင့် စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်ရ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအချို့၌ တောင်ယာစပါးခင်များတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဒေသခံများက စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ ခန့်သေဆုံးကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံနှံ့တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၅၈၀ ခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်းအနီး အသံမိုင်းကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ အမှတ်၂ရဲစခန်းနှင့်မီးပွိုင့်လမ်းဆုံတွင် ယနေ့ည ၈နာရီခွဲခန့်က အသံမိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။ အသံမိုင်း ပေါက်ကွဲသံနှစ်ချက်ကြားရကြောင်း ခေမာသီရိရပ်ကွက်နေ ပြည်သူတစ်ဦးကThe 74Mediaကိုပြောသည်။

ရေဦးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ပုဏ္ဏကားရွာနှင့် အင်တောရွာကြားတွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမျိုးသားတစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာ သုဿန် အနောက်တွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က ရွာသားတစ်ဦးကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်သွားကြောင်းသိရသည်။