Month: September 2021

ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများနှင့်ပျောက်ဆုံးနေသူများရှိနေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ခြောက်မိုင်ကျေးရွာတွင် ယမန်နေ့ မွှန်းလွဲ ၁၂ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KPDF ဘက်မှတစ်ဦးကျဆုံးခဲ့ပြီး ပျောက်ဆုံးသူနှင့်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးနေ့ (International Peace Day) အထိမ်းအမှတ် တော်လှန်ရေးနိုးဆော်သပိတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးနေ့ (International Peace Day) အထိမ်းအမှတ် တော်လှန်ရေးနိုးဆော်သပိတ်ကို KSCM အင်အားစု ကချင်လူငယ်များ၊ မြစ်ကြီးနား ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ကော်မတီ (SURC)...

ဒီးမော့ဆိုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသော PDF အမျိုးသမီးတပ်ဖွဲ့ဝင်အား ပြန်လည်ကယ်တင်နိုင်ခဲ့

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ခြောက်မိုင်ကျေးရွာတွင် ယမန်နေ့ကတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် PDF နှစ်ဦးမှ အမျိုးသမီးတစ်ဦးကို ယနေ့နံနက် ကိုးနာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၉ နာရီခန့်တွင်...

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က စစ်သင်တန်းပေးရန် စည်းရုံးသော်လည်း တက်ရောက်သူမရှိ

ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က စစ်သင်တန်းတက်ရောက်ရန် ဒေသခံပြည်သူများကို လိုက်လံစည်းရုံးနေသော်လည်း တက်ရောက်သူမရှိကြောင်း သိရသည်။

မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်ရှေ့ပေါက်ကွဲမှုတွင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ တွင် ယနေ့နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှု...

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ များ လူအင်အား ထပ်မံဖြည့်တင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်မိသားစု ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာနှင့် ၅ မိုင်ခန့်အကွာ ရွှေမှော်တွင် ယမန်နေ့ ညနေ ခြောက်နာရီခန့်က စစ်ကောင်စီသတင်းပေးဟုဆိုသော ဒလန်မိသားစုတစ်စု ပစ်သတ်ခံရကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ဗုံးကွဲပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဂျက်လေယာဉ်ပျံဝဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ နံနက် ၁၀ နာရီခန့်က ဘဏ်အနီးရှိရပ်ကွက်ပေါ်တွင် ဂျက်လေယာဉ်တစ်စင်းပျံဝဲနေကြောင်း သိရသည်။

ဆီချွေတာနိုင်ရန် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားများကို လုပ်ဆောင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံတွင် ဆီသုံးစွဲမှုများကို ချွေတာနိုင်ရန် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားများကို လုပ်ဆောင်ရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ပြောကြားလိုက်သည်။

မြစ်ကြီးနား စီးပွားရေးဘဏ်ရှေ့ မိုင်းကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။