Month: September 2021

စစ်အာဏာသိမ်းခေါင်းဆောင် မြစ်ကြီးနားရောက်ရှိ

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့နံနက် ၁၀ နာရီခန့်က မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများထံက သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၊

စက်တင်ဘာ ၁၄ ရက်နေ့တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ တပ်ကြပ်တစ်ဦး ကျဆုံး  

တန့်ဆည်တွင် ပျူစောထီးသင်တန်းဆင်း လင်မယားပစ်ခတ်ခံရ၊ ခင်ပွန်းဖြစ်သူသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ငှက်ပျောတောရွာအနီးတွင် ယ‌ေန့နံနက် ၇ နာရီခန့်က ပျူစောထီးသင်တန်းဆင်း လင်မယာနှစ်ဦး အပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဖားကန့်မြို့တွင် Mytel တာဝါတိုင်တစ်လုံး မိုင်းခွဲဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာရှိ Mytel တာဝါတိုင်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား နောင်နန်းတိုက်နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၆ နာရီခန့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း...

မုံရွာမြို့မှ မြန်မာဘီယာရုံး ​ဗုံးခွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မြန်မာဘီယာရုံးကို ယနေ့ ည ၇ နာရီခွဲအချိန်က သံမဏိတပ်ဖွဲ့ဖောက်ခွဲပညာရှင် ခွန်ဆာအဖွဲ့က ဗုံးခွဲသတိပေးခဲ့ကြောင်း အဆိုပါအဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီလေးဦးသေဆုံးကြောင်း KNDF ထုတ်ပြန်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ် (၆) မိုင်ကျေးရွာအနီး...

ဒီးမော့ဆိုတွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာသဖြင့် ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်

ကာယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသောကြောင့် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးထားသည့် မိုးညှင်းမြို့မှလူငယ်တစ်ဦး မိသားစုနှင့်တွေ့ခွင့်မရသေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာကြားရှိ Mytel တာဝါတိုင်အနီးအကြောင်းမဲ့ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

တနိုင်းတွင် စစ်ကောင်စီယာဉ်တစ်တစ်စီးကို ကေအိုင်အေမိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် တနိုင်းမြို့မှ တရုံသို့သွားသည့် စစ်ကောင်စီမော်တော်ယာဉ်တစ်စီးကို ယနေ့ နေ့လယ် ၁၂ ခွဲတွင် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။