Month: September 2021

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံများ၏ နေအိမ်အချို့ပျက်စီး

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဒေါဆန်းဘွန်းရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ ည ၈နာရီခွဲခန့်က စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း...

Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးနှစ်ဦးထည့်သွင်းဖော်ပြခံရ

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး သို့မဟုတ် ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းတွင် မြန်မာနိုင်ငံမှ လူငယ်အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကဝါးခကျေးရွာတွင် ဖမ်းဆီးခံရသည့် ကျန်ရှိလူငယ်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပို့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကဝါးခကျေးရွာ၌ စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် လူငယ်ရှစ်ဦးမှ ခြောက်ဦးပြန်လွတ်လာပြီး ကျန်နှစ်ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကောလင်းတွင် စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီးနောက် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးကျည်ထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ယနေ့ နံနက်က စစ်ကောင်စီယာဉ်တန်းမိုင်းခွဲခံရပြီးနောက် ကျောက်တန်းလမ်းဆုံအနီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦးကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကောလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ တောင်မော်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာကြားတွင် ယနေ့နံနက် ၄ နာရီခန့်က ကားလေးစီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

တနိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ တခက်ကျေးရွာအနီးတွင် ယနေ့နံနက်ခြောက်နာရီကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူငယ်အချို့ကို ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့ တကွင်းကျေးရွာတွင် ယမန်နေ့ စက်တငဘာ ၁၄ ရက်နေ့ ညနေ ငါးနာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာမှ လူငယ်အချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။

လိုင်ဇာမြို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ စစ်ကောင်စီက ယနေ့ည လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် အမေရိကန်သိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း ပါဝင်

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး သို့မဟုတ် ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းတွင် မြန်မာနွယ်ဖွား အမေရိကန်သိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း ပါဝင်သည်။

မုံကိုးမြို့နှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်ပြည်သူ ၁၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်ရှိ မုံကိုးနှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်ပြည်သူများတွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၁၀ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့တွင် လူငယ်သုံးဦးကို MyTel တာဝါတိုင် မီးရှို့ရန်ကြံစည်သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာကြားတွင် ယနေ့ နံနက်က လူငယ်သုံးဦးကို MyTel တာဝါတိုင်အား မီးရှို့ရန်ကြံစည်သူများဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်းသိရသည်။