Month: October 2021

Karenni G.Z နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ငါးဦးသေ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထားလဲကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် Karenni G.Z တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့‌ကြောင်း သိရသည်။

စစ်အာဏာရှင်ကို လက်အုပ်မချီလိုသော ပြည်သူ့ဝန်ထမ်း

ဖေဖော်ဝါရီလ (၁) ရက်နေ့သည် မြန်မာပြည်သူများ၏ အနာဂါတ်ကို ရိုက်ချိုးဖျက်စီးပစ်လိုက်မည့် သွေးစွန်းသော နေ့တစ်နေ့ဖြစ်လာမည်ကို မသိရှိသေးသော ဆေးရုံဝန်ထမ်းအိမ်ရာမှ မလှမွန်တို့မိသားစုသည် ပုံမှန်နေ့ရက်များလိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရုံးတက်ချိန်အမှီ သူသူငါငါ...

အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်က ဆူပူမှုများကို ဥပဒေနှင့်အညီဆောင်ရွက်သည်ဟု ပြော

မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆူပူမှုများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟု အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ထီးချိုင့်တွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်ပွား၊ PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် လေသာကျေးရွာတွင် ယနေ့ နံနက် ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို KIA အဖွဲ့တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် ယနေ့ မွန်းလွဲ နှစ်နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ခန့်ကို ကချင်လွတ်မြောက်ရေးတပ်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကိုးကန့်ဒေသနေရာအချို့တွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်အကြား တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်၊ မုံကိုးဒေသရှိ ကိုးကန့်ဒေသနေရာအချို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား အောက်တိုဘာလဆန်းပိုင်းမှစပြီး တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြောင်း ကိုးကန့်ဒေသအခြေစိုက် သတင်းမီဒီယာများထံမှ သိရသည်။ ကိုဗစ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နေစဉ်...

မန္တလေးတွင်မိသည့် လက်နက် ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် လက်နက်များသည် ကေအိုင်အေနှင့် မသက်ဆိုင်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနှင့် သစ္စေးကုန်းကျေးရွာကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား တန့်ဆည် PDF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ KNDF သိမ်းဆည်းရမိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်၏ အသုံးအဆောင် ပစ္စည်းအချို့ကို KNDF ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။