ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းတွင် မြေပြိုသဖြင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်
ကမ်းပါးပြိုကျပြီး ပူတာအို – ခေါင်လန်ဖူး လမ်းပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အချိန်ကြာလာပါက စားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။