Month: June 2023

အရာတော်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်မီးရှို့ပြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံအချို့ဒဏ်ရာရ

စစ်ကောင်စီတပ်က အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို ယနေ့ နံနက် ၅ နာရီခန့်က လက်နက်ကြီးပစ်ခတ်ကာ တတိယအကြိမ်ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်သိရပါတယ်။

စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဖယ်ခုံဒေသခံအချို့ ထိခိုက်ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်က စစ်ရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်တစ်ဦးကို ပုဆိန်နှင့်ခုတ်သတ်ပြီး ဇနီးကိုအဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ရှေ့တန်းကင်းစခန်းတစ်ခုတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီးနှင့် ဇနီးဖြစ်သူကိုအဓမ္မပြုကျင့်မှုသတ်ဖြတ်မှုတစ်ခု ဇွန်လ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောင်တွင် နာရေးအိမ်တစ်အိမ်ကို စစ်ကောင်စီဝင်ရောက်စီးနင်းပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောင်မြို့နယ်ရှိ နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီး ယနေ့ နံနက် ၆ နာရီခန့်က ပြည်သူတစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

ဖယ်ခုံတွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးသည်ဟုဆို

စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား ၁၀ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးကာ လက်နက်ကြီးလက်နက်ငယ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် တစ်ညတည်းနေအိမ်သုံးလုံးဖောက်ထွင်းခံရပြီး ကျောက်စိမ်းနှင့် ဆိုင်ကယ်များခိုးယူခံရ

ဖားကန့်မြို့ လုံးခင်းကျေးရွာတွင် တစ်ညအတွင်း အိမ်သုံးအိမ် ဖောက်ခံရပြီး ကျောက်စိမ်းနှင့် ဆိုင်ကယ်ရှစ်စီးခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် ကြံ့ခိုင်းရေးပါတီဝင်ဟောင်းတစ်ဦး ပြန်ပေးဆွဲခံရ

ဖားကန့်မြို့ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို ယမန်နေ့ညက အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့ကြောင်းသိရသည်။

မချမ်းဘော့မြို့နယ်ရှိ ကျေးရွာအချို့တွင် ကျေးလက်ဆေးပေးခန်းမရှိသောကြောင့် ဒေသခံများအခက်တွေ့နေ

ရာသီတုတ်ကွေးအဖြစ်များသော မချမ်းဘော့မြို့နယ်၊ ဘင်ခူး‌ကျေးရွာတွင် ကျေးလက်ဆေးပေးခန်းနှင့် ကျန်းမာရေးအစောင့်ရှောက်များမရှိသောကြောင့် ဒေသခံပြည်သူများ ခက်ခဲနေကြောင်းသိရသည်။

ဆိုင်ကယ်တစ်စီးကို အိမ်စီးကားတစ်စီးဝင်တိုက်မိသဖြင့် တစ်ဦးဒဏ်ရာရ

ကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် ယနေ့နံနက် ၆ နာရီခန့်က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့နယ်မှ ဒေသခံများ အကူအညီလိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများ အစားအသောက်နှင့်ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငါးရက်ဆက်တိုက်မီးရှို့နေသဖြင့် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေး

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ငါးရက်ဆက်တိုက် လိုက်လံမီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူ ၃၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။