Month: August 2023

ကလေးမြို့နယ် သာစည်ကျေးရွာတွင် တစ်ပတ်အတွင် လူငါးဦးထက်မနည်း သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကလေးမြို့နယ် သာစည်ကျေးရွာတွင် တစ်ပါတ်အတွင်း သတ်ဖြတ်ခံခဲ့ရသူ ငါးဦးထက်မနည်းရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောများ ဗန်းမော်ရောက်ရှိပြီးနောက် လုံခြုံရေးတင်းကြပ်

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောများ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည့် ရက်ပိုင်းအတွင်း လုံခြုံရေးတင်းကြပ်ထားကာ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေပြီး ဆယ်ဦးခန့်ဒဏ်ရာရသည်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

လင်မယားရန်ဖြစ်ပြီး ဓားထိုးမိသဖြင့် ခင်ပွန်းဖြစ်သူသေဆုံး၊ ချော်လဲပြီး သုံးချက်ထိုးမိသည်ဟု ဇနီးဖြစ်သူထွက်ဆို

လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့က ၈ နာရီခန့်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်

စစ်ကောင်စီစခန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ဒေသအတွင်း ပြည်သူများ သတိထားသွားလာရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံပြော

ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများကို သတိထားသွားလာရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အသိပေးပြောကြားသည်။

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်က လူငယ် (၇) ဦးထက်မနည်းကိုဖမ်းဆီး

မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရခဲ့ရပြီးနောက် ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ပြည်သူခုနှစ်ဦးထက် မနည်းကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးစေလိုသည်ဟုဆို

သေနတ်ထောက်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖားကန့်မြို့ အေးမြသာယာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က သာစည်ကျေးရွာရှိ နေအိမ်အများစုကို တစ်ပါတ်ဆက်တိုက် မီးရှို့ဖျက်ဆီး

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲထားသည့် ကလေးမြို့နယ် သာစည်ကျေးရွာရှိ နေအိမ်များ ခြောက်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး စားနပ်ရိက္ခာများ ခိုးယူလုယက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အင်းတော်တွင် စစ်ကောင်စီတပ်က လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းပြီး တရားမဝင် ငွေကြေးကောက်ခံ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်းတော်မြို့တွင် ယမန်နေ့က လိုင်စင်မဲ့ဆိုင်ကယ်  အများအပြားဖမ်းဆီးခဲ့ကာ တရားမဝင် ငွေကြေးကောက်ခံမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ရှိ အ.ထ.က (၁) ရှေ့တွင်စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရပြီး သေဆုံးသူအချို့ရှိသည်ဟုဆို

မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းရှေ့တွင်စစ်ကားတစ်စီး ယနေ့ညနေ ၃ နာရီကျော်ခန့်က ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူအချို့ရှိကြောင်း သိရသည်။