Month: August 2023

တိုက်ပွဲမဖြစ်ဘဲ SNA က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းနီအမျိုးသားလွတ်မြောက်ရေးတပ် (SNA) က ယနေ့ နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုမှ ဒေသခံခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်ပတ်အတွင်း မူးယစ်ဆေးဝါး သိန်း ၁၀၀၀ ကျော်ဖိုး ဖမ်းမိသည်ဟုဆို၊ လက်ကြီးသမားများကို မဖမ်းဘဲ လွတ်ထားသည်ဟု ဒေသခံများပြော

ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း မူးယစ်ဆေးဝါး သိန်း ၁၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC)၏ အချက်အလက်များအရ သိရသည်။

ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ရေ များစွာပစ်၊ တိုက်လေယာဉ်ဖြင့်လည်း ဗုံးကြဲ

ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြားရှိ ဇင်းဘုံကျေးရွာအနီးတွင် ယမန်နေ့က KIA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ယနေ့ နံနက် လေးနာရီခွဲမှ စတင်ကာ တစ်ဖက်သတ်...

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသဖြင့် ဗန်းမော်ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ

စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသောကြောင့် ဗန်းမော်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ခန့် ဩဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် KTV မန်နေဂျာတစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ KTV ဆိုင်မှ မန်နေဂျာတစ်ဦး ယမန်နေ့ည ၁၀ နာရီခန့်က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားနှစ်ဦး နှိပ်စက်သတ်ဖြတ်ခံရ

လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းတွင်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ ယူမာကျေးရွာအတွင် ယနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသည့် ယင်းမာပင်ဒေသခံလေးဦး၏ အလောင်းများပြန်တွေ့

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသော ယင်းမာပင်မြို့နယ်မှ ဒေသခံလေးဦး၏သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ ယနေ့ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးတွင် စစ်ရေးဆက်လက်တင်းမာနေသောကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေ

စစ်ကောင်စီနှင့် ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေသောကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကမ်းပါးပြိုကျသဖြင့်ရေလှိုင်းနှင့်အတူ မျောပါပျောက်ဆုံးခဲ့သူအများစု၏ ရုပ်အလောင်းများပြန်တွေ့

ကျောက်စိမ်းတူးဖော်နေသည့် ကမ်းပါးပြိုချခဲ့ရာမှရေလှိုင်းရိုက်ခတ်သဖြင့် မျောပါပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၃၃ လောင်းကို ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်းသိရသည်။

မုံရွာတွင် အကျဉ်းထောင်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကချင်လူမျိုးဆရာဝန်တစ်ဦးသေဆုံး

နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ချိန် ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် ကချင်လူမျိုးပရဟိတဆရာဝန်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စည်းကမ်းမဲ့လွတ်ထားသောနွားများကြောင့် မိုးကောင်းတွင် ယာဉ်တိုက်မှုများမကြာခဏဖြစ်ပွားနေ

ကားလမ်းမပေါ်တွင် နွားများကို စည်ကမ်းမဲ့ လွှတ်ထားသောကြောင့် မိုးကောင်းတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်သည်သာမက လူသေဆုံးမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ရေခဲတောင်ခြေရှိ ချောင်းကူးတံတားပျက်စီးသွားသဖြင့် ဆေးမြစ်ရှာသည့် ဒေသခံများအခက်ကြုံနေ

ရေခဲတောင်ခြေရှိကျေးရွာများသို့ ဆက်သွယ်ထားသော ချောင်းကူးတံတားတစ်စင်းပျက်စီးသွားသောကြောင့် ဆေးမြစ်ရှာသည့် ပူတာအိုဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။