Month: August 2023

ဒေသခံများကန့်ကွက်မှုများကြောင့် ပိတ်ထားခဲ့သော လောင်းကစားရုံကို တစ်လခန့်အကြာတွင်ပြန်ဖွင့်

ဒေသခံများဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဇွန်လတွင် ပိတ်လိုက်သော မိုးကောင်းမြိုရှိ လောင်းကစားရုံတစ်ခုကို ယခုအခါ ပြန်ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လည်ပင်းအကြိတ်ခံစားနေရသော အမျိုးသားတစ်ဦး အကူအညီလိုအပ်နေ

လည်ပင်းအကြိတ် ဝေဒနာခံစားနေရသော မြစ်ကြီးနားမြို့ ဆယ်မိုင်ကျေးရွာ ရပ်ကွက် (၁)မှ အမျိုးသားတစ်ဦး ခွဲစိတ်ကုသစရိတ် အကူအညီလိုအပ်နေကြောင်း သိရသည်။

KIA သိမ်းပိုက်ထားသောစစ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်လွတ်မြောက်ရေးတပ် (KIA) က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်စခန်းအနီးကို ယနေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုလဲတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံသုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေ

စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ပုလဲမြို့နယ်မှ ဒေသခံပြည်သူသုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပူတာအိုမြို့နယ်တွင် အမည်မသိရောဂါကြောင့် ကျွဲ၊ နွားအများအပြားသေဆုံးနေ

အမည်မသိရောဂါတစ်မျိုးကြောင့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာတွင် ကျွဲနှင့်နွား အများအပြားသေဆုံးနေကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၄ နာရီခန့်တွင် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယနေ့ နေ့လယ်က ကမ်းပါးပြိုကျမှုကြောင့် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းပြန်တွေ့

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယနေ့ နေ့လယ်က ကမ်းပါးပြိုကျမှုကြောင့် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်း ယနေ့ ညနေ ၆ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့သည်။ သတင်းအပြည့်အစုံ...

လုံးခင်းဒေသခံသုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံပြည်သူသုံးဦးကို ယမန်နေ့ညနေ ၃ နာရီခန့်က လက်နက်ကိုင်အမျိုးသားငါးဦး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်တွင် ကမ်းပါပြိုပြီး လေးဦးရေစီးနှင့်မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေဆဲ

ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လုပ်ကွက်ဟောင်း‌ရေကန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ကမ်းပါးပြိုကျသောကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ရေစီးနှင့်မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က သတ်ဖြတ်သွားသော ပုလဲ ပကဖအဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိ

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ဖမ်းဆီးခံခဲ့ရသော ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား အေးမြသာယာ မီးရထားသံလမ်းအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ မီးရထားသံလမ်းအနီးတွင် ယနေ့ ည ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဧရာဝတီမြစ်ဘေး ဆင်ဘိုဒေသရှိ စစ်ကောင်စီတပ်ရင်းကို KIA သွားရောက်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ ညနေ ငါးနာရီခန့်က မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။