Month: September 2023

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရိုက်နှက်ခဲ့သဖြင့် ပြည်သူတစ်ဦး ဆေးရုံတက်ကုသမှုခံယူခဲ့ရ

အင်းတော်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက ရိုက်နှက်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး လွန်ခဲ့သည့်အပတ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ထောက်လှမ်းရေးလာလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အရပ်ဝတ်ဖြင့် မြေပြင်အခြေအနေထောက်လှမ်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့ ၉ နာရီခန့်က ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် ထွက်ပြေးခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ပုလဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ပုလဲမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က အတင်းအကြပ်ပြောင်းရွှေ့ခိုင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဟောင်ပါးကျေးရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲမည်ဖြစ်သည်ဟုဆိုကာ ဒေသခံများကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့

ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့ ဆိပ်မူအုပ်စုတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ဆားလင်းကြီးဒေသခံတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီသင်္ဘောမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်ကြောင့် ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်မှ ဒေသခံအမျိုးသမီးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်သဖြင့် မီးလောင်ပျက်စီး

ဗန်းမော်မြို့နယ်မှ ချီတက်လာသည့် စစ်ကောင်စီထောက်ပို့စစ်ယာဉ်တန်းကို KIA က ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကားတစ်စီးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

KIA နယ်မြေသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ဌာနချုပ်အနီးရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရကြောင်း သိရသည်။

ဖားကန့်တွင် စကားများရန်ဖြစ်ရာမှ ကျောက်တူးရာတွင်အသုံးပြုသော သံတိုင်ဖြင့် မသေမချင်းရိုက်သတ်မှုဖြစ်ပွား

ဖားကန့်မြို့ လုံးခင်းအုပ်စုတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မြွေဆိပ်ဖြေဆေးသယ်ခွင့်မပေးသဖြင့် ကန့်ဘလူစစ်ရှောင်များ အခက်တွေ့နေ

မြွေအန္တရာယ်ကြောင့် မကြာခဏ လူသေဆုံးမှုများရှိသည့် ကန့်ဘလူခရိုင်သို့ မြွေအဆိပ်ဖြေဆေးများ သယ်ယူရာတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ဖမ်းဆီးသိမ်းဆည်းနေကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်များ အလင်းဝင်သည်ဆိုသည့် သတင်းမှာ အမှားသာဖြစ်ပြီး ဂရုစိုက်ရန်မလိုဟုဆို

တော်လှန်ရေးတပ်ဖွဲ့များ စစ်ကောင်စီထံအလင်းဝင်သည်ဆိုသည့် ထုတ်ပြန်ချက်မှာ အမှားသာဖြစ်သဖြင့် ဂရုစိုက်ရန်မလိုကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။