Month: September 2023

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်း

စစ်ကျွန်ဘဝမှ အလုံးစုံလွတ်မြောက်ရေးအတွက်ဟုဆိုကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် Burma National Revolutionary Army (BNRA) ကိုဖွဲ့စည်းကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

KIA တပ်စခန်းကို TNLA က ဝင်ရောက်နေရာယူလိုက်သဖြင့် စစ်ရေးနှင့်လူမျိုးရေးတင်းမာလာမည်ကို ဒေသခံများစိုးရိမ်

စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့သဖြင့် ခဏတဖြုတ်ဆုတ်ခွာခဲ့သည့် KIA တပ်စခန်းတွင် TNLA က ဝင်ရောက်နေရာယူလိုက်သဖြင့် နှစ်ဖက်စစ်ရေးနှင့်လူမျိုးရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

မုံရွာတွင် ပြည်သူ့ကာကွယ်ရေးစခန်းစီးနင်းခံရပြီး လေးဦးကျဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းခံရ

မုံရွာမြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယမန်နေ့ နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လမ်းဘေးရှိဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်တွင် အမျိုးသားတစ်ဦးသေဆုံး

မိုးသည်းထန်စွာရွာသွန်းသောကြောင့် လမ်းဘေးဓာတ်တိုင်ကျိုးကျသဖြင့် ဖားကန့်မြို့ ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတာဝန်ရှိသူများ စစ်ဆေးမည်ဟု သတင်းထွက်သောကြောင့် ပန်ဝါအနီးဝန်းကျင်ရှိ မြေရှားလုပ်ကွက်များကို ယာယီပိတ်သိမ်း

စစ်ကောင်စီအရာရှိများ လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက်များကို ပိတ်သိမ်းပြီး သစ်ကိုင်းသစ်ရွက်များဖြင့် လိုက်လံဖုံးအုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

သစ်ခိုးထုတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ငါးဦးသေ

သစ်ခိုးထုတ်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းမာပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားကြောင်းသိရသည်။

အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်အမူအကျင့်ပြုလုပ်လာပါက ဖယ်ထုတ်ရမည်ဟု ယာယီသမ္မတဒူဝါလရှီးလပြော

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်များ၏ အမူအကျင့်နှင့် အတွေးအခေါ်များ ဝင်လာပါက ပြတ်ပြတ်သားသား ဖယ်ထုတ်ရမည်ဟု ပြည်သူ့ခုခံတော်လှန်စစ်‌ကြေညာခြင်း (၂) ပြည့်တွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော လျှပ်စစ်ရုံးဝင်စီးခံရပြီး လက်နက်အချို့သိမ်းဆည်းရမိ

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသော လျှပ်စစ်ရုံးကို ယမန်နေ့က မင်းကင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ မင်းကင်းမြို့အဝင် လမ်းဆုံရှိ EPC ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး...

ရွှေကူထွေအုပ်ရုံး ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့ရှိ အထွေထွေအုပ်ချုပ်ရေမှူးရုံး ယနေ့ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

မိုးမောက်တွင် လေပြင်းတိုက်သဖြင့် သစ်ပင်လှဲကျပြီး KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

လေပြင်းတိုက်ခိုက်ချိန် သစ်ပင်လှဲကျခဲ့သောကြောင့် ယမန်နေ့ည ၁၀ နာရီခွဲခန့်က မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး အနီးပတ်ဝန်ကျင်ရှိကျေးရွာများကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်

စစ်ကောင်စီစစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့်ဟုဆိုကာ ယနေ့နံနက်မှစတင်ကာ မိုးမောက်မြို့ရှိ တာပိန်ချောင်းကူးတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး အနီးပတ်ဝန်းကျင်ရှိကျေးရွာများကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မိဘမဲ့ဂေဟာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ၊ လူကုန်ကူးခံရမည်ကို စိုးရိမ်သည်ဟုဆို

မိဘမဲ့ဂေဟာကမှ ကိုးတန်းကျောင်းသူတစ်ဦး သူငယ်ချင်းဖြစ်သူနှင့်အတူ အပြင်ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။