Month: November 2023

နမ္မတီးမြို့တွင် နေအိမ်တစ်လုံးနှင့် မီးဖိုချောင်တစ်လုံးမီးလောင်ပျက်စီး

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ယမန်နေ့ညနေ ၃ နာရီခန့်က အဆောက်အအုံနှစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ လမ်းခွကျေးရွာ ထွယ်ဆန်ရပ်ကွက်ရှိ နေအိမ်အပေါ်ထပ်မှစတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်လုံးကျွတ် မီးလောင်ပြာကျခဲ့သည်သည်ဟု နေအိမ်အနီးတွင်နေထိုင်သူတစ်ဦးက The 74...

မြေရှားသတ္တုတူးဖော်မှုကြောင့် အင်ခေါင်းပါဒေသခံ ၃၀၀ ကျော် အရေပြားရောဂါခံစားနေရ

မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းကြောင့် မိုးမောက်မြို့နယ်၊ အင်ခေါင်းပါကျးရွာမှ လူဦးရေ ၃၀၀ ကျော် အမျိုးအမည်မသိအရေပြားရောဂါခံစားနေရကြောင်းသိရသည်။

စစ်ရေးလှိုင်းလုံးတွေမှာ အထိနာပြီး တန်ပြန်ထိုးစစ်မဆင်နိုင်တဲ့ စစ်ကောင်စီတပ်

စစ်ကောင်စီတပ်ရဲ့ တစ်ချို့တပ်စခန်းတွေကတော့ သေဆုံးထိခိုက်မှုများလာလို့ လက်နက်ချ အညံခံခဲ့တာဖြစ်ပေမဲ့ သေနတ်တစ်ချက်မှ မဖောက်ဘဲ လက်နက်ချ အညံ့ခံခဲ့တဲ့ ကွမ်းလုံမြို့နယ်ထဲက ခလရ (၁၄၃) လိုမျိုး တခြားစစ်ကောင်စီတပ်ရင်းတွေလည်းရှိနေပါပြီ။ https://www.facebook.com/The74Media/

ကလေးမြို့လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ်ခရီးစဉ်အားလုံးဖျက်သိမ်း

ကလေးမြို့လေဆိပ်တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်များကို သုံးရက်ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်သိမ်းပိုက်

ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်

မြစ်ကြီးနား – မန္တလေးကားလမ်းပိတ်ထားသောကြောင့် မြစ်ကြီးနားမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်နေပြီး အချို့စားသောက်ကုန်များကို အကန့်အသတ်ဖြင့်သာရောင်းချပေးနေကြောင်း သိရသည်။

မြစ်ကြီးနား – တန်ဖရဲလမ်းပေါ်တွင် စစ်အင်အားအများအပြားနေရာယူထား

မြစ်ကြီးနား – ဆွမ်ပါရာဘွမ်လမ်းမကြီးပေါ်ရှိ နောင်နန်းကျေးရွာအုပ်စုမှ မြစ်ဆုံအထိလမ်းတစ်လျှောက်တွင် ယနေ့နံနက် ၁၁ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားနေရာယူထားကြောင်း သိရသည်။

ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တကွအလင်းဝင်

ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင်တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း သိရသည်။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ပေါက်ဖော်ကြီး ဘာလဲ၊ ဘယ်လဲ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဌာချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဟာ ငါးလထဲကို ရောက်နေပြီဖြစ်ပါတယ်။

တိုက်ပွဲဖြစ်နိုင်ချေရှိသဖြင့် ဖားကန့်မြို့ခံအချို့ကို ပြောင်းရွှေ့ခိုင်း

စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသော ဖားကန့်မြို့ရှိ ဘုရားကုန်းအနီးတွင် နေထိုင်သူများကို ယခုလ နိုဝင်ဘာ (၂၅) ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ခိုင်းနေကြောင်းသိရသည်။

နောင်ချိုရှိ အကျဉ်းစခန်းလေးခုကို TNLA နှင့်မဟာမိတ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အကျဉ်းဦးစီးစခန်းလေးခုကို TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ပင်လုံတွင် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်

ကရင်နီပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များထံသို့ပို့ဆောင်မည့် လက်နက်ခဲယမ်းအမြောက်အများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။