Month: December 2023

TNLA မိုင်းဆွဲတိုက်ခိုက်သဖြင့် နမ့်ခမ်းတွင် KIA တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

နမ့်ခမ်းမြို့နယ်၊ ပန်ကနိုင်းကျေးရွာတွင် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က မိုင်းဆွဲတိုက်ခဲ့သောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ဗျူဟာကျတဲ့ လောက်ကိုင်မြို့ပေါ်က စစ်ကောင်စီစခန်းကုန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

 MNDAA တပ်က လောက်ကိုင်မြို့ရဲ့ တောင်ဘက်အခြမ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန် စတဲ့တပ်စခန်းလေးခုသာ ကျန်ရှိနေတော့တာပါ။  

ထွက်ပြေးစဉ် ပစ်ခတ်သတ်ဖြတ်ခံရသည့် စစ်ကောင်စီဗိုလ်မှူးချုပ်အလောင်းပြန်ပေးလိုသည်ဟု MNDAA ပြော

ကုန်းကြမ်းစခန်းသိမ်းစဉ်က ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းစဉ်သတ်ဖြတ်ခံရသည့် စစ်ကောင်စီဗိုလ်မှူးချုပ်တစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီထံသို့ ပြန်ပေးလိုသည်ဟု ကိုးကန့် (MNDAA) ပြောရေးဆိုခွင့်ရှိသူပြောကြောင်း သိရသည်။

ရွှေကူတွင် KIA ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုများလာ

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ခွင့်ပြုချက်ရရှိထားသည်ဟုဆိုကာ ဒေသခံများကန့်ကွက်နေသည့်ကြားမှ ရွှေကူမြို့တွင် ရွှေတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

မုံရွာတွင် စစ်ကောင်စီစခန်းတစ်ခုတိုက်ခိုက်ခံရပြီး သုံးဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်ဟုဆို

မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ဆားလင်းကြီးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ထံ ယမန်နေ့ည ရှစ်နာရီခွဲခန့်က လက်နက်များနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဓားပြမှုကျူးလွန်သူများနှင့်ပတ်သက်သည့် အမျိုးသားတစ်ဦးကို KIA ပစ်ခတ်ဖမ်းဆီး

ဖားကန့်မြို့နယ်တွင် ဓားပြမှုနှင့် ခြိမ်းခြောက်ငွေညစ်မှုကျူးလွန်ခဲ့သူများနှင့် ဆက်စပ်သည့်အမျိုးသားတစ်ဦးကို KIA က ယမန်နေ့ညနေတွင် ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သား ၆၀၀ နီးပါးရှိနေ

လက်နက်ချ အညံ့ခံသူတွေမှာ စစ်ကောင်စီတပ်ရဲ့တပ်ရင်းမှူးအဆင့်ကနေ ပြည်သူ့စစ်၊ ရဲ နဲ့ မိသားစုဝင်တွေအထိ ပါဝင်ခဲ့ပါတယ်။  

တပ်ပြေးတွေ ပြန်ခေါ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်နဲ့ရှမ်းမြောက်ဒေသက တစ်ပါတ်တာတိုက်ပွဲသတင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆက်လက်အထိနာနေဆဲဖြစ်ပါတယ်။

ကျောက်မျောတိုက်သည့်ရေများကို ဥရုချောင်းတွင် စည်းကမ်းမဲ့လွဲချနေသဖြင့် ချောင်းတိမ်ကောမည့်အန္တရာယ်ရှိနေ

ဖားကန့်မြို့ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီများက ကျောက်မျောတိုက်ရာမှ စီးကျလာသော ရေများကို ဥရုချောင်းအတွင်းသို့ ဖောက်ချထားပြီး ချောင်းအတွင်းမြေစာများဖို့ကာ သွားလာနေသောကြောင့် ချောင်းတိမ်ကောလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်၊ အခြား ဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်း ၂ ခုပါရှိသည့် စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နှုးဘူးဗျူဟာကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်...