Month: January 2024

နမ့်ဖတ်ကာ တိုက်လေယာဉ်ပျက်ကျတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာ

နမ့်ဖတ်ကာကျေးရွာအနီးမှာ တိုက်လေယာဉ်ပျက်ကျလာတဲ့အချိန် အမည်မသိအမျိုးသားနှစ်ဦး ကချင်ဘာသာစကားနဲ့ လေယာဉ်ပျက်ကျလာတဲ့အကြောင်း အပြန်အလှန်ပြောဆိုနေတဲ့ ရုပ်သံတစ်ခုထွက်ပေါ်လာပါတယ်။

စစ်ကောင်စီထောက်ခံသောလူတစ်စုက ကချင်ပြည်နယ်မြို့အချို့တွင် ဆန္ဒပြပွဲများဆက်တိုက်ပြုလုပ်နေ

ကချင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် အမျိုး၊ ဘာသာ၊ သာသနာအမည်ခံ စစ်ကောင်စီထောက်ခံသောလူတစ်စုက ယခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ပွဲများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ ယနေ့နံနက် ၈ နာရီခန့်က...

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏နေအိမ်ပစ်ခတ်ခံရစဉ် တပ်ဖွဲ့ဝင်သုံးဦးထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ဦးရွှေမင်း၏ နေအိမ်တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောလျှိုတောင်ကြားထဲက နမ့်ဖတ်ကာစစ်ရှောင်တွေ အကူအညီလိုအပ်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကဒေသခံပြည်သူ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://youtu.be/beFygRMF1nY?feature=shared

ဘုရားပွဲအကြောင်းပြ လောင်းကစားဝိုင်းများကြောင့် မြစ်ကြီးနားဒေသခံအချို့ စိတ်အနှောက်အယှက်ဖြစ်နေ

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းကြီးကျောင်းတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ကာ ဇာတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများဖွင့်လှစ်နေပြီး နံနက် ၄ နာရီခွဲခန့်အထိ ဆူညံနေသောကြောင့်အနီးအနားရှိ ဒေသခံများ စိတ်အနှောက်အယှက် ဖြစ်နေရကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်တွင် တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်ကပစ်ချခဲ့ကြောင်းသိရသည်။

ဖုန်းအသုံးပြုရင်း အားသွင်းစဉ် မီးလောင်ပေါက်ကွဲသဖြင့် သုံးဦးဒဏ်ရာရ၊ တစ်ဦးစိုးရိမ်ရသည်ဟုဆို

ဖုန်းအသုံးပြုရင်း အားသွင်းစဉ် မီးလောင်ပေါက်ကွဲသဖြင့် ယမန်နေ့ည ၈ နာရီခန့်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး အခြားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွါး၊ အမှတ် ၂ ရဲစခန်းနှင့် ဒူးလေးပါတီရုံးအနီးဖြစ်ပွါးဟုဆို

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့်ခေမာသီရိရပ်ကွက်တို့တွင် ယနေ့ည ခုနှစ်နာရီခန့်က လက်နက်ကြီးသံနှင့် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား ပ.လ.နကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေဟုဆို

မြစ်ကြီးနားမြို့တွင် ပ.လ.န ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ လူမြင်ကွင်းတွင်ပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများမရှိကြောင်းဒေသခံများထံမှသိရသည်။

ဦးရွှေမင်းပြည်သူ့စစ်က အဓမ္မလူသစ်စုသဖြင့် ဝိုင်းမော်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်တွင် တပ်သားသစ် စုဆောင်းမှုများလာသောကြောင့် ကျေးရွာအချို့မှဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြစ်ကြီးနားတွင် အရက်မူးပြီးမောင်းသည့်ကားတစ်စီး တိမ်းမှောက်၊ ယာဉ်ပေါ်ပါလာသူများ ဒဏ်ရာရ

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးတွင် ယနေ့ နံနက် ၁၂ နာခွဲခန့်က ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းကို ဝင်တိုက်ခဲ့သောကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခြောက်ဦးစလုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကြောင်း သိရသည်။

မြစ်ကြီးနားတွင် ဆိုင်ခန်းတစ်လုံးနှင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ နံနက် ၄ နာရီခွဲခန့်က ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။