Month: January 2024

ကွတ်ခိုင်မြို့အနီးမှ နမ့်ဖတ်ကာကျေးရွာကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို ယနေ့နံနက် ၈ နာရီခန့်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းသုံးနှစ်တာကာလအတွင်း ကလေးသူငယ် ငါးရာကျော်ကို စစ်ကောင်စီသတ်ဖြတ်ထား

အာဏာသိမ်းသုံးနှစ်တာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် စုစုပေါင်း ငါးရာကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရသိရသည်။

ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့နယ်ကို သိမ်းပိုက်

ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ခဲ့ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့ (ယမန်နေ့) က သတင်းထုတ်ပြန်ခဲ့သည်။ ပလက်ဝ – ဇန်နဝါရီလ ၁၅၊...

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ပိုင်သည့် လောင်းကစားရုံမှ လုံခြုံရေးများက ပြည်သူတစ်ဦးကို အကြောင်းမဲ့ထိုးကြိတ်

ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ကပိုင်ဆိုင်သည့် လောင်းကစားရုံမှ လုံခြုံရေးဝန်ထမ်းများက အမျိုးသားတစ်ဦးကို အကြောင်းမဲ့ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အပစ်ရပ်ရေးသဘောတူညီမှုကို ချိုးဖောက်ကာ စစ်ကြောင်းထိုးပြီး ဗုံးကြဲတိုက်ခိုက်နေ

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များနှင့် ယာယီအပစ်ရပ်ရေးသဘောတူညီမှုကို ချိုးဖောက်ကာ စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးကို ထောင် ၁၀ နှစ်ချ

မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီကထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

မြေရှားသတ္တုလုပ်ငန်းခွင်တွင် အလုပ်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ မကြာခဏဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များတွင် အလုပ်ရမည်ဟုသွေးဆောင်ဖျားယောင်းကာ ငွေကြေးလိမ်လည်ရယူမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ငါးဦးကိုသတ်ဖြတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် စစ်ရှောင်ပြည်သူ ငါးဦးကို သတ်ဖြတ်မှု ယမန်နေ့ နံနက် ၁၁ နာရီခန့်က ခင်ဦးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီဗိုလ်မှူးချုပ်တစ်ဦး ထွက်ပြေးရန်ကြိုးစားနေချိန် ဖမ်းမိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၉ ၏ စကခမှူးကို ယနေ့နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရေးသဘောတူညီမှုရ

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ယမန်နေ့ကရှမ်းမြောက်တွင် ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်မှ စစ်ကောင်စီတပ်သားသုံးဦး ပုလဲမြို့နယ်တွင်လာရောက်အလင်းဝင်

ချင်းပြည်နယ် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ယမန်နေ့က လက်နက်များနှင့်အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်ခဲ့ကြောင်းသိရသည်။

ကျောက်တော်က ဗျူဟာစခန်းတစ်ခုကို AA နှင့် ယောကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်ရှိ တောင်ရှည်တောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် AA နှင့် ယောကာကွယ်ရေးတပ် – YDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။