Month: February 2024

မိုးညှင်းမြို့နယ်တွင် ဆက်ကြေးလိုက်ကောက်သည့် ကားပစ်ခတ်ခံရပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးဟုဆို

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယနေ့ နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နယ်ထိန်းရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်သွားရသည်ဟုဆို

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ဗုံးကြဲရန်လာသည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ကန့်ဘလူမြို့နယ်တွင် ပစ်ခတ်ခံခဲ့ရပြီး အရေးပေါ်ဆင်းသက်ခံရကြောင်း သိရသည်။

ပူတာအိုတွင် ဆိုင်ကယ်ခိုးယူနေသည့်အမျိုးသားကို ပြည်သူများဝိုင်းဝန်းဖမ်းဆီး

ဆိုင်ကယ်ခိုးရန်ကြိုးစားသည့် အမျိုးသားတစ်ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ယနေ့ နံနက် ရှစ်နာရီခန့်က ပူတာအိုမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတွင် လူအများရှေ့ ဓါးထိုးပြီး ကားလုယက်မှုဖြစ်ပွား

လူအများရှေ့တွင် အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားလေးဦးက ဓားဖြင့်ထိုးပြီး ကားတစ်စီးလုယက်သွားသည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမောက်-လွယ်ဂျယ်လမ်းပြင်သည့်လုပ်ငန်းရပ်နားထားသဖြင့် လိုင်းဆွဲယာဉ်မောင်းသမားများ အခက်တွေ့

လမ်းလုပ်သားများ ဓားပြတိုက်ခံရသောကြောင့်ဟုဆိုကာ လုပ်ငန်းရပ်နားထားသဖြင့် မိုးမောက် – လွယ်ဂျယ်လမ်း ယာဉ်မောင်းများ အခက်အခဲကြုံနေရသဖြင့် အမြန်ဆုံးလာရောက်ပြုပြင်စေလိုကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဘင်္ဂလာ – ရက္ခိုင် နယ်ခြားစောင့်တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်စဉ် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းအချို့

ဘင်္ဂလာ – ရက္ခိုင် နယ်ခြားစောင့်တပ်စခန်းများဖြစ်သည့် တောင်ပြို (လက်ဝဲ/ လက်ယာ) စခန်း၊ Arakan Rohingya Army (ARA) နှင့် Rohingya Solidarity...

ဖားကန့်နဲ့မံစီက စခန်း ၃ ခုကို KIA သိမ်းပိုက်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် (တစ်ပါတ်တာတိုက်ပွဲသတင်း)

ကချင်လွတ်မြောက်ရေးတပ်(KIA)က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကချင်ပြည်နယ် မံစီမြို့နယ်က ကိုက်ထိပ်စခန်းနဲ့ ဒေသအခေါ် ဘလောင်ဒိန်ဆာတပ်စခန်း၊ ဖားကန့်မြို့နယ်က နန့်တိန်းတပ်စခန်းတို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ ပြင်းပြင်းထန်ထန်ခုခံခဲ့တဲ့ကြားကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။...

SNA မှ တပ်စိတ်မှူးတစ်ဦး လက်နက်နှင့်အတူအလင်းဝင်၊ ပြည်သူကိုဖိနှိပ်လိုခြင်းမရှိသဖြင့် ဝင်ရောက်ခဲ့သည်ဟုဆို

ရှမ်းနီအမျိုးသားတပ် (SNA)မှ တပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး သည် ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124) ထံ လက်နက်နှင့် အတူအလင်းဝင်လာခဲ့ကြောင်းသိရသည်။

ကန်ပက်လက် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီလိုအပ်နေ

ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ရေဦးမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၁ နာရီခွဲခန့်တွင် ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး၊ ဒေသခံအချို့ကို ဖမ်းဆီးသွား

စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘာသာရေးဆရာတစ်ဦးအပါအဝင် ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ တစ်ပတ်ရစ်ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ တစ်ပါတ်ရစ်ဖုန်းအရောင်းဆိုင်တစ်ခု ယမန်နေ့ညကဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။