Month: February 2024

ဖားကန့်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့၊ မူးယစ်ဆေးလွန် သေဆုံးခြင်းဖြစ်နိုင်သည်ဟုဆို

ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်လွှတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ဒေသခံအချို့ကို ပြန်လွတ်ပေး၊ ဦးဆောင်သူအချို့ကို ဆက်ဖမ်းထား

ချီဖွေမြို့နယ်၊ ဖရဲဒေသတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန် ကန့်ကွက်သောကြောင့် ဖမ်းဆီးထားသည့် ဒေသခံအချို့ကို KIO က ပြန်လွတ်ပေးခဲ့သော်လည်း ဦးဆောင်သူများကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က မိမိဖာသာစခန်းမီးရှို့ထွက်ပြေး

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များက ယနေ့ညနေ ၅ နာရီခွဲခန့်တွင် စခန်းကိုမီးရှို့ကာထွက်ပြေးသွားကြောင်း  ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားသည်။

ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်က စခန်းနှစ်ခုကို စွန့်ခွာထွက်ပြေး

ကရင်နီပြည်နယ်၊ သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြစ်ကြီးနားနှင့်မိုးညှင်းတွင် စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကို လုံခြုံရေးအပြည့်ဖြင့် ပြုလုပ်၊ နေ့စားများလည်း ပါဝင်သည်ဟုဆို

ကချင်ပြည်နယ်ရှိ မြို့ နှစ်ခုတွင် ယနေ့ နံနက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေကူတွင် ကန့်ကွက်မှုများရှိသော်လည်း အလွန်အကျွံရွှေတူးဖော်သဖြင့် ဘေးထွက်ဆိုးကျိုးကို ဒေသခံများ ခံစားလာရသည်ဟုဆို

ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်နှင့် ကမ်းပါးများတွင် ရွှေတူးဖော်နေမှု ပိုမိုများပြားလာသောကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်များကို ဒေသခံပြည်သူများ ခံစားနေရကြောင်းသိရသည်။

မံစီတွင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်၊ စခန်းသိမ်းနေသည်ဟု သတင်းထွက်ပေါ်

မံစီမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မြေရှားစမ်းသပ်တူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံ (၅၀) ခန့်ကို KIA ဖမ်းဆီး

မြေရှားသတ္တုစမ်းသပ်တူးဖော်နေတာကို ကန့်ကွက်ခဲ့တဲ့ ချီဖွေမြို့နယ်၊ ဖရဲဒေသခံ (၅၀) ခန့်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ဖမ်းဆီးခဲ့ပါတယ်။    

ရက္ခိုင့်တပ်တော် (AA) က မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ရက္ခိုင့်တပ်တော် (AA) က မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခ.မ.ရ ၃၇၉၊ ၃၈၀ နှင့် ၅၄၁) တို့ကို...

မိုးကောင်းတွင် အိမ်ရှင်မရှိခိုက် နေအိမ်တစ်လုံးနှင့် စပါးကျီတစ်ခု မီးလောင်

မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် နေ့ခင်းကြောင်တောင် လူငယ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီး

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသားအားကစားကွင်း ဒေသအခေါ် နောင်ရာပါကွင်းတွင် ယနေ့ ညနေ ၄ နာရီခန့်က လူငယ်အမျိုးသား ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။