Month: February 2024

မြေရှားစမ်းသပ်တူးဖော်မှုကို ကန့်ကွက်သည့် ဖရဲဒေသခံများကို KIA က မိုင်းဖြင့်ဖြိုခွင်း၊ ဒေသခံ ၅၀ ခန့်ကိုလည်း ဖမ်းဆီးထားဟုဆို

မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ကန့်ကွက်သည့်ဒေသခံများကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များက မိုင်းဖြင့်ဖြိုခွင်းပြီး ချီဖွေမြို့နယ်၊ ဖရဲဒေသခံပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထားကြောင်းဒေသခံများထံမှသိရသည်။

မြစ်ကြီးနားတွင် နေအိမ်တစ်လုံး ဝါယာရှော့ခ်ကြောင့် မီးလောင်ပျက်စီး

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နယ်မြေ (၆) တွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို...

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအပြည့်အဝထိန်းချုပ်နိုင်တဲ့ မြို့နယ် ၃ ခုပဲကျန်

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲက ဂွ၊ သံတွဲနဲ့ မာန်အောင်မြို့နယ်တွေကိုပဲ စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။  

မြစ်ကြီးနားမြို့တွင် နာမည်ကျော်များပါဝင်သော ဂီတပွဲပြုလုပ်မည်၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ပွဲသွားမည်မဟုတ်ဟု လူငယ်များဆို

မြစ်ကြီးနားမြို့ မနောင်ကွင်းတွင် ဂီတပွဲတော်တစ်ခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပရန်ပြင်ဆင်နေပြီး နိုင်ငံရေးအခြေအနေကြောင့် ထိုပွဲကို လူငယ်အများစုက ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း The 74 Media က...

ကောလင်းမြို့နေရာအများစုကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်၊ စစ်ကြောင်း ခြောက်ကြောင်းဖြင့် တိုက်ခိုက်ခဲ့ဟုဆို

တော်လှန်ရေးအင်အားစုများသိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က မြို့အတွင်းထိထိုးဖောက်ဝင်ရောက်ကာ နေရာအများစုကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယနေ့နံနက်က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့

“တော်လှန်မှာလား ကျွန်ခံမှာလား ကြိုက်တဲ့လမ်းကိုရွေး” ဟူသော စာသားများကိုင်ဆောင်ကာ ဖားကန့်မြို့တွင် ယနေ့နံနက်က အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့သည်။

မင်းပြားတွင် စစ်သင်္ဘောတစ်စီးကို AA က ထပ်မံတိုက်ခိုက်ဖျက်ဆီး

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီးကို ယမန်နေ့က ရက္ခိုင့်တပ်တော် (AA) က ထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနားမြို့မှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ လူသစ်စုဆောင်းရေးတွင် မပါဝင်ရန် သတိပေး

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ လူသစ်စုဆောင်းရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်သတိပေးကြောင်း NBPDF မြို့ပြပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်သည်။

မိုးမောက်တွင် ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သူ ထွက်ပြေးလွတ်မြောက်နေ

မိုးမောက်မြို့နယ်တွင် ကလေးနှစ်ဦးအပါအဝင်မိသားစုဝင်လေးဦးကို သတ်ဖြတ်ခဲ့သည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။

တမူးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး...

စစ်ကြောင်းမှူးသေသွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ ယမ်းချက်စက်ရုံအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။