Month: March 2024

မိုးမောက်မြို့နယ်မှ စစ်ကောင်စီစခန်းတစ်ခုကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးဟုဆို

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

အောင်မြေ (၂) တွင် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်၊ စစ်ကောင်စီက ပြည်သူများကို အမျိုးမျိုးစစ်ဆေးဟုဆို

တိုက်ပွဲတွေကြားပိတ်မိနေသည့် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာဒေသခံများကို ယနေ့နေ့လယ် ၂ နာရီခန့်တွင် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပြင်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲပြန်လည်ဖြစ်ပွား

စစ်ကောင်စီစစ်ကြောင်း ထိုးလာသောကြောင့် မြစ်ကြီးနားမြို့ပြင်တွင် ယနေ့နံနက် ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေရှားသတ္ထုတူးနေတဲ့အနီးတစ်ဝိုက် တောရိုင်းတိရိစ္ဆာန်သေဆုံးမှုရှိနေ

  မိုးမောက်မြို့နယ်က မြေရှားသတ္တုတူးဖော်တဲ့နေရာတစ်ဝိုက်မှာ အခုရက်ပိုင်းအတွင်း တောရိုင်းတိရစ္ဆာန်တွေသေဆုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  

ဝိုင်းမော်တွင် လက်လွတ်ခဲ့ရသည့် စခန်းပြန်ရရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ

စစ်ရှောင်ပြည်သူများပိတ်မိနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွံ့ကန်ပေါက်ကျမှုတွင် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် ခက်ခဲနေ

ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မနကျေးရွာတွင် ယမန်နေ့က နွံကန်ပေါက်ကျစဉ် ပျောက်ဆုံးနေသူ ၁၅ ဦးထက်မနည်းရှိသော်လည်း ရှာဖွေမှုဆက်လုပ်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟိုပင်တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်တွင် ဟိုပင်မြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် ကလေးသုံးဦးအပါအဝင် ဗန်းမော်ဒေသခံ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်ရက်အတွင်း ဗန်းမော်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ကလေးသူငယ်များအပါအဝင် ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီနယ်ခြားစောင့်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်ဖြေဆိုရန်ပျက်ကွက်သူ ၃၀၀ ခန့်ရှိ

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့်လျော့နည်းသွားပြီး တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် စာစစ်ဌာနသတ်မှတ်နိုင်ခြင်း မရှိကြောင်း ယမန်နေ့ စစ်ကောင်စီထုတ်...

အောင်မြေ(၂)တွင် လူသားဒိုင်းကာအဖြစ် ပိတ်ဆို့ခံထားရသောသူများမှ သက်ကြီးရွယ်အို အမျိုးသမီးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာဖြင့် ပိတ်ဆို့ထားသည့် ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၆ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

မင်းကင်းတွင် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ အလွန်အကျွံရွှေတူးဖော်နေသည်ဟုဆို

ဒေသခံပြည်သူများကန့်ကွက်နေသော်လည်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ ရွှေအလွန်အကျွံတူးဖော်မှုများ ပြုလုပ်နေကြောင်း သိရသည်။