Month: March 2024

တာမခန်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးဖမ်းမိ၊ ဖမ်းဆီးချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၂ ဦးသေဆုံး

ဖားကန့်မြို့နယ် တာမခန်ခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉)မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၁၁ နာရီချိန်က မှော်ရှန်ရွာအဝင်တွင် KIA ပူးပေါင်းတပ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၄...

ကလေးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော ကလေးမြို့နယ်၊ ကံသာယာကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပြင်တွင် စစ်ကောင်စီတပ်နှင့် KIA ထိတွေ့တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေ

စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားသည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်းသိရသည်။

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းရှိ နွံကန်ပေါက်ကျပြီး အများအပြားသေဆုံး

ဖားကန့်မြို့ မနကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခု ယနေ့ နံနက် ၁ နာရီခန့်က နွံကန်ပေါက်ကျခဲ့သောကြောင့် သေဆုံးသူအများအပြားရှိကြောင်း သိရသည်။

ဝိုင်းမော်တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေ၊ အောင်မြေ(၁)ကျေးရွာတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီး

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်တပ်စခန်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ယနေ့ ညပိုင်းအချိန်ထိ လေကြောင်းအသုံးပြုကာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

နမ့်မှော်ကျေးရွာရှိ ကသိုဏ်းတောင်စခန်းကို KIA ပူးပေါင်းတပ်က ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို KIA ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေ

လိုင်ဇာမြို့အနီးရှိ တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသဖြင့် ဖားကန့်ဒေသခံ ၅၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာတွင် နေထိုင်သည့်ဒေသခံပြည်သူ ၅၀၀ ခန့် ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

ဝိုင်းမော်တွင် တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စီး မီးလောင်ပျက်စီးသွားသည်ဟု သတင်းထွက်ပေါ်

တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြီးနား – ဗန်းမော်လမ်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လေယာဉ်တစ်စီး ယနေ့ ညနေ ၅ နာရီခန့်က မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်လမ်းတစ်လျှောက်တွင် ကားမှန်ချမောင်းပေးရန် KPDF မေတ္တာရပ်ခံ

စစ်ကောင်စီတပ်က အိမ်စီးကားနှင့် ခရီးသည်တင်ယာဉ်များအသုံးပြုကာ စစ်အင်အားတိုးချဲ့နေသဖြင့် လမ်းသွားလမ်းလာပြည်သူများနှင့်ခရီးသည်တင်ယာဉ်များအနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်း ကားမှန်ချကာ မောင်းနှင်စေလိုကြောင်း ဝိုင်းမော်မြို့နယ်တွင် လှုပ်ရှားနေသည့် KPDF များက တောင်းဆိုလိုက်သည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဆက်လက်ပြင်းထန်

ဖားကန့်မြို့၊ ဆိပ်မူအုပ်စု၊ နန့်မှော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) KPDF ပူးပေါင်းတပ်တို့ ယနေ့ နံနက် ၃ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ဝိုင်းမော်တွင် ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ကာထား၊ စစ်ရှောင်များထွက်ခွာပါက ရွာမီးရှို့မည်ဟု ခြိမ်းခြောက်

တိုက်ပွဲဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေးရွာတွင် ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှ ထွက်ခွင့်မပေးဘဲ၊ ထွက်ပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။