Month: June 2024

ခေါင်လန်ဖူးတွင် စားနပ်ရိက္ခာပြတ်လတ်နေပြီး ထမင်းအစား အူလိုင်စားနေရသည်ဟုဆို

တောင်ပြိုသောကြောင့် လမ်းပိတ်နေသဖြင့် ရိက္ခာပြတ်နေသည့် ခေါင်လန်ဖူးဒေသခံအချို့ ထမင်းအစား ဒေသထွက်အစားအစာများကို အစားထိုးစားသုံးနေရကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး အနောက်ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း...

ပူတာအိုတွင် ကုန်တင်ကားများဝင်ရောက်လာသော်လည်း ကုန်ဈေးနှုန်းသိသိသာသာကျသွားခြင်းမရှိ​၊ ကုန်ကားအများအပြားဆက်လက် ဝင်ရောက်ရန်လိုသည်ဟုဆို

ပူတာအိုခရိုင်သို့ ဆီတင်ကားများနှင့် ကုန်တင်ကားများရောက်လာသော်လည်း အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းသိသာစွာ လျော့ကျခြင်းမရှိသေးကြောင်း သိရသည်။

ပန်ဝါသတ္တုလုပ်ကွက်မြေပြိုမှုတွင် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထား၊ ကျန်ရှိရုပ်အလောင်းများ ဆက်လက်ရှာဖွေနေ

ပန်ဝါမြို့အနီး ယမန်နေ့ကပြိုကျခဲ့သည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် ပျောက်ဆုံးနေသူများမှ ၁၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဝိုင်းမော်မြို့နယ်တွင် ခြံလုပ်သားတစ်ဦးသေဆုံး၊ ဒေသခံအချို့လည်း ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် ယမန်နေ့ည ၉ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့နယ်၊ နန့်ဝါတိုက်နယ်အတွင်းရှိ ခြံလုပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများနေပြီး ရောဂါကြောင့် အားပြတ်ကာသတိမေ့လဲသူများလည်းရှိကြောင်း သိရသည်။

 ⁨PDF ဘဏ်ဓားပြတိုက်သည်ဟု စစ်ကောင်စီတပ်က လုပ်ဇာတ်ဖန်တီးပြီး ဝါဒဖြန့်

စစ်ကိုင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဘဏ်ဓားပြတိုက်သည်ဟု စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါအဖွဲ့အမည်မှာ စစ်ကိုင်းမြို့တွင်မရှိကြောင်း သိရသည်။

ဝိုင်းမော်-ဝါးရှောင်လမ်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများသည်ဟုဆို

ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်တွင် ယခုရက်ပိုင်း KIA ပူပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဆက်လက်စစ်ရေးတင်းမာနေကြောင်း သိရသည်။

ပန်ဝါတွင် မြေရှားတွင်းတစ်ခုပြိုပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံးနေ၊ မိုးဆက်ရွာနေသဖြင့် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေသည်ဟုဆို

ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးတွင် ယနေ့နံနက် ၁ နာရီခန့်က မြေရှာသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခု မြေပြိုကျရာ လူ ၃၀ ထက်မနည်းပျောက်ဆုံးနေကြောင်း သိရသည်။

ပူတာအိုတွင် ဖုန်းလိုင်းအားလုံးပြတ်တောက်နေ၊ CDMA ဖုန်းလိုင်းတစ်ခုသာကောင်းသော်လည်း ဖုန်းကတ်ဝယ်မရဖြစ်နေသည်ဟုဆို

ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်နေပြီး လိုင်းရရှိသော ဖုန်းကတ်များလည်း ဝယ်ယူရန်ခက်ခဲနေသောကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီအခြေခံပညာကျောင်းများတွင် တက်ရောက်နေသူများ၏ မိဘများကို ရွှေကူ KPDF က ကြိမ်ဒဏ်နှင့် ငွေဒဏ်ပေးပြီး အရေးယူ

စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားများ၏ မိဘများကို ရွှေကူ KPDF က ခေါ်ယူအပြစ်ပေးအရေးယူမှုများရှိနေကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်မှ စစ်ရှောင်ကျောင်းသားကျောင်းသူများ ကျောင်းဝတ်စုံအကူအညီလိုအပ်နေ

အဖြူအစိမ်းမဝတ်သည့်ကျောင်းသားများကို ဒဏ်ကြေးကောက်ခံနေသောကြောင့် အင်ဂန်းကျေးရွာရှိ စစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ ကျောင်းဝတ်စုံအကူအညီလိုအပ်နေကြောင်း သိရသည်။