Month: June 2024

တိုက်ပွဲများကြောင့် မံစီနှင့်မိုးမောက်မြို့တစ်ဝက်ခန့် ပျက်စီး၊ စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟုဆို

စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် မိုးမောက်နှင့် မံစီမြို့တွင် ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပြီး တိုက်ပွဲများလျော့နည်းသွားသော်လည်း ဒေသခံများကို အကန့်သတ်ဖြင့်သာ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်းသိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သောဝိုင်းမော်မြို့နယ်တွင် တစ်လအတွင်း ပြည်သူ ၁၀ ဦးခန့်သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သောတစ်လအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကျဲနှင့်ဖရော ရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်က မြောင်းတူးဖျက်ဆီးခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွား

မြစ်ကြီးနားမြို့မှ ဟိုကပ်ရေကြည်သို့သွားသောလမ်းကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျင်းတူးကာ ဖြတ်သန်းသွားလာမရအောင် ဖျက်ဆီးခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ကမ်းပါးပြိုကျသဖြင့် ရေမဆေးသမားတစ်ဦးသေဆုံး

မိုးရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာအနီး ရေမဆေးကျောက်ရှာသူတစ်ဦး ကမ်းပါးပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

စက်သုံးဆီကားများ မဝင်သေးသဖြင့် မြစ်ကြီးနားတွင် ဆီပြတ်လတ်၊ အချို့ဆိုင်များ လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ရောင်းချနေ

မြစ်ကြီးနားမြို့တွင် စက်သုံးဆီအဝင်မရှိတော့သဖြင့် လက်ကျန်ဆီများကို အကန့်သတ်ဖြင့် ရောင်းချပေးနေပြီး အချို့ဆိုင်များတွင် လုံးဝရောင်းချနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ခြံလုပ်ရန်သွားသည့် ဝိုင်းမော်ဒေသခံအမျိုးသားသုံးဦး စစ်ကောင်စီဂိတ်တွင် စစ်ဆေးခံရပြီးပျောက်ဆုံးနေ

ဝိုင်းမော်မြို့နယ် မလိယာန်ကျေးရွာအနီးသို့ ခြံလုပ်ရန်သွားသည့်အမျိုးသားသုံးဦး ဆယ်ရက်ကျော်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မောင်တောမြို့မှ ဒေသခံပြည်သူများ မြို့ပေါ်မှထွက်ခွာရန် AA သတိပေး

စစ်ကောင်စီလက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သောကြောင့် မောင်တောမြို့နေပြည်သူများကို မြို့ပေါ်မှထွက်ခွာပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က သတိပေးစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်သဖြင့် မံစီတွင် နေအိမ်တစ်လုံးပျက်စီး

မံစီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ထားသည့် ကျေးရွာကို ယမန်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

TNLA ဖမ်းသွားသည့် အုပ်ချုပ်ရေးမှူး ငါးရက်ကြာသည်အထိမလွတ်သေး၊ မိသားစုနှင့်တွေ့ခွင့်မပေးဟုဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဖမ်းဆီးသွားသည့် ပန်ရှောင် (BangShau) ကျေးရွာမှ အုပ်ချုပ်ရေးမှူး ငါးရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။

ဗန်းမော်-မံစီမြို့နယ်အစပ်တွင် လက်နက်ကြီးများကြောင့် ဒေသခံကိုးဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ်အချို့မီးလောင်ပျက်စီး

စစ်ရေးတင်းမာနေသည့် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်အစပ်ရှိ ကမ္ဘာနီကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြားထိမှန်ပျက်စီးခဲ့ပြီး ဒေသခံကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မင်းကင်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ချီဖွေတွင် ရေဘေးဒဏ်သင့်ပြည်သူများ အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေ

တောင်ကျချောင်းရေကြီးခဲ့သောကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာနှင့် ဇန်နောင်ကျေးရွာမှ ဒေသခံပြည်သူများ အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။