Month: June 2024

ကျောက်စိမ်းတူးသည့် လက်ကျင်းပြိုကျသဖြင့် ကျောက်တူးသမားတစ်ဦးသေပြီး သုံးဦးဒဏ်ရာရ

ဖားကန့်မြို့၊ မှော်စီစာကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က လက်ကျင်းပြိုကျသဖြင့် ကျောက်တူးဖော်နေသူ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက် PDF က စက်သုံးဆီနှင့် စားသောက်ကုန်များ သယ်ယူခွင့်ပိတ်ပင်

စစ်ရေးအခြေအနေအရဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သို့ စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၃၅၀၀ ခန့်ရှိပြီး ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်းလျော့ကျသွား

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်စာမေးပွဲအောင်မြင်သူ သုံးထောင်ငါးရာခန့်ရှိပြီး အောင်ချက်ရာခိုင်းနှုန်း ၅၈ ရာခိုင်နှုန်းခန့်ရှိကာ ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်းကျော်ခန့် လျော့ကျသွားကြောင်း သိရသည်။

ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိ

ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းရှိ ဆဒုံးမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဝိုင်းမော်ဒေသခံတစ်ဦးသေဆုံး

မြစ်ကြီးနားမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယနေ့နေ့လယ် ၁၂ နာရီခန့်က ဝိုင်းမော်မြို့နေ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တအာင်းပညာရေးဌာန (TELC) ၏ မူဝါဒကို မလိုက်နာနိုင်ပါက ကျောင်းပိတ်သိမ်းမည်ဟု TNLA ခြိမ်းခြောက်

TNLA တပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများကြား အ‌ချေအတင်ဖြစ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေး ရွာရှိ အလယ်တန်းကျောင်းအနေဖြင့် PSLF/TNLA ပညာရေးဌာနက ခွင့်ပြုချက်ရယူရန်နှင့် တအာင်းပညာရေး ကောင်စီ (TELC) ၏...

ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ဝိုင်းမော်မြို့နယ် ဆဒုံး – ကံပိုင်တည်သွားလမ်းရှိ စစ်ကောင်စီတပ်စခန်း (၄) နေရာကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့နံနက် ၆ နာရီခန့်မှ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းနှစ်ခုကို...

စစ်ကောင်စီတပ်၏ ဒရုန်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ယမန်နေ့ မွန်းလွှဲ (၃) နာရီခန့်က ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

တနိုင်းမြို့နယ်အတွင်းရှိ ပယင်းတူးဖော်နေသည့်မှော်တစ်ခုအနီးရှိ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး၊ လေကြောင်းပစ်ကူရယူကာ အပြင်းအထန်ခုခံနေ

ပင်လည်ဘူးမြို့ပေါ်တွင် ပြီးခဲ့သည့် မေလမှကုန်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး အထိအခိုက်အကျအဆုံးများသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ရက်ဆက် မြို့ပေါ်ရှိနေအိမ်များနှင့် ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

PDF ဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် မိုးမောက်ဒေသခံလူငယ်နှစ်ဦး ပြန်မလွတ်သေး

ဆိုင်ကယ်ဖြင့်မမြုပ်မိုင်းနင်းမိသဖြင့် ရရှိလာသည့်ဒဏ်ရာများကို ဆေးကုသမှုခံယူကာ ဆေးရုံဆင်းလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရသည့် မိုးမောက်ဒေသခံလူငယ်နှစ်ဦး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ဒေသခံများအစည်းအဝေးလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး၊ အများအပြားဒဏ်ရာရသည်ဟုဆို

စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ သပြေသားကျေးရွာတွင် ဒေသခံငါးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။