Month: July 2024

စစ်ကောင်စီက ခြောက်လ သက်တမ်းထပ်တိုး၊ ခြောက်ကြိမ်မြောက် သက်တမ်းထပ်တိုးခြင်းဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံအစည်းအဝေးကျင်းပကာ ယခင်ကအတိုင်း အာဏာသိမ်းကာလ ၆ လ သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီဝါဒဖြန်သတင်းဌာနများမှတစ်ဆင့် ကြေညာလိုက်သည်။

ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်ပြတ်တောက်နေပြီး မိုးမောက်မှာ တိုက်ပွဲပြင်းထန်နေ

ဇူလိုင်လ စတုတ္ထုအပါတ်ကတော့ အချိန်အတော်ကြာငြိမ်သက်နေတဲ့ မိုးမောက်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တို့မှာ KIA ရဲ့ထိုးစစ်ကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံးကို ဖုန်းလိုင်းနဲ့ အင်တာလိုင်းတွေဖြတ်တောက်ထားပြီး ခုခံစစ်အတွက် ပြင်ဆင်နေပါတယ်။...

ကန့်ဘလူတွင် စစ်ကောင်စီပူးပေါင်းစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီး ခြောက်ဦးသေဆုံးဟုဆို

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညနေ သုံးနာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ကျီးကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက် ခ.မ.ရ(၄၃၇) ကို သိမ်းပိုက်ခြင်းမရှိသေး၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

မိုးမောက်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) တပ်စခန်းကို သိမ်းပိုက်ခြင်းမရှိသေးဘဲ စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှသိရသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ TNLA ပူးပေါင်းတပ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း (၃၀) ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀)...

လားရှိုး ရမခကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း MNDAA ထုတ်ပြန်ကြေညာ

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ နံနက် ၄ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကိုးကန့် (MNDAA) က သတင်းထုတ်ပြန်လိုက်သည်။

မိုးမောက်မြို့အနီးရှိ ခ.မ.ရ (၄၃၇) ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ

KIA ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခ.မ.ရ (၄၃၇) ကို ယနေ့ နံနက် ၈ နာရီခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့်ပျက်စီးသွားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်ဦးမည်ဟုဆို

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းရှိ မြေပြိုထားသောနေရာများတွင် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့်အပြင် ထပ်ပြိုသောနေရာများလည်းရှိသောကြောင့် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်က ခ.လ.ရ (၆၈) ကို MNDAA သိမ်းပိုက်

လားရှိုးမြို့နယ် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၆၈) ကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မြစ်ကြီးနားမြို့ စစ်ကောင်စီရုံးအချို့ အနီးတစ်ဝိုက်တွင် ဖုန်းလိုင်းရ၊ မြို့ခံများသွားရောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှုများရှိဟုဆို

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးအချို့အနီးတွင် MPT ဖုန်းလိုင်းရရှိနေသောကြောင့် ဒေသခံပြည်သူများက ထိုနေရာများတွင် သွားရောက်အသုံးပြုနေကြောင်း သိရသည်။

စစ်ကောင်စီဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် ၃၀၀ ကျော် လက်နက်ချအညံ့ခံကြောင်း MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ စစ်ကောင်စီ ဒု-ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA တပ်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ယနေ့ညနေတွင် ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။