Month: July 2024

ယင်းမာပင်တွင် စစ်ကောင်စီတပ် ချုုံခိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ နံနက် ခြောက်နာရီခွဲခန့်က ယင်းမာပင်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆေးခွင့်ယူထားသည့်ယာယီသမ္မတ တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်းကြေညာ

ခြောက်လသက်တမ်းတိုးထားသည့် အရေးပေါ်ကာလသက်တမ်းကုန်ဆုံးရန် ၉ ရက်အလိုတွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းမီဒီယာများမှတစ်ဆင့် ယနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

လူငယ်နှစ်ဦးကို အသက်ဘေးမှကယ်တင်ခဲ့သူ

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဧရာဝတီမြစ်ရေကြီးချိန် ဝိုင်းမော်မြို့နယ်၊ လဘန်ကထောင်ကျေးရွာအနီးတွင် ရေစီးနှင့်အတူမျောပါသွားသည့် လူငယ်နှစ်ဦးကို လိုက်လံကယ်တင်ခဲ့သည့်အကြောင်း ဦးမုန်ခိုင်လီက The 74 Media ကို...

၁၀၂၇ ဒုတိယပိုင်းစတင်ခဲ့သည့် သုံးပတ်သာတိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၁၄၀ ကျော်ရှိသည်ဟုဆို

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့သည့် သုံးပတ်သာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးသူ ၁၄၀ ကျော်ရှိခဲ့ကြောင်း သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးပြတ်တောက်၊ ကွန်ရက်လိုင်း ပြင်ဆင်နေသောကြောင့်ဟု ဖုန်းအော်ပရေတာအချို့ပြော

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ဖုန်း၊ မိုဘိုင်းအင်တာနက်နှင့် ဖိုင်ဘာအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ၂၄ နာရီကျော်ကြာမြင့်လာပြီး ကွန်ရက်လိုင်းပြင်ဆင်နေသောကြောင့် ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဖုန်းအော်ပရေတာအချို့ထံမှသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီဒေသခံခြောက်ဦးထက်မနည်းသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရ

ကိုးကန့် (MNDAA) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆ ဦးထက်မနည်းရှိကြောင်း သိရသည်။

ဝိုင်းမော်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖမ်းဆီး၊ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

ဝိုင်းမော်မြို့နယ်မှ သိက္ခာတော်ရဆရာတစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်က ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်မှ ရေဘေးသင့်ပြည်သူများ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေ

နေအိမ်များ ရေစီးနှင့်အတူမျောပါသွားသည့် ဝိုင်းမော်မြို့နယ်၊ တဲဝိုင်ကျေးရွာမှ ဒေသခံပြည်သူများ လက်ရှိအချိန်ထိ နေရာထိုင်ခင်းအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

မြေမြင့်ရပ်ကွက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် အနံ့အသက်ဆိုးများ ခံစားနေရသည်ဟုဆို

ဒေသခံပြည်သူများ စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကြောင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ လမ်းသွယ် (၁၁) တွင် အနံ့အသက်ဆိုးများထွက်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့ရှိ ဝူယန်ပြည်သူ့စစ်စခန်းပတ်ပတ်လည်ကို ကတုတ်ကျင်းများတူးနေ၊ ဖြတ်သွားဖြတ်လာများကိုလည်း ငွေကြေးကောက်ခံနေသည်ဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝူယန်ကျေးရွာအနီးရှိတပ်စခန်းတစ်ဝိုက်ကို ယနေ့နံနက် ၆ နာရီချိန်ခန့်မှစတင်ကာ ဘက်ဟိုးများဖြင့် ကတုတ်ကျင်းတူးနေကြောင်း သိရသည်။

မြစ်ကြီးနားတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်ရိုက်နှက်ခံရသဖြင့် ဒဏ်ရာပြင်းထန်

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လက်ဝတ်ရတနာဆိုင်တစ်ခု ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး ပြန်လည်ခုခံသည့်ဆိုင်ရှင် ရိုက်နှက်ထိုးကြိတ်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။