Month: July 2024

ဒီပဲယင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနှစ်ဦးသေ၊ လက်နက်အချို့သိမ်းမိ

ကင်းစောင့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့နံနက် ရှစ်နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အတက်ရောဂါသည် အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို အကြိမ်ကြိမ်မုဒိန်းကျင့်ခဲ့သည့် အမျိုးသားသုံးဦးကို ဖမ်းဆီးထား၊ အမှုဖွင့်အရေးယူရန်ပြင်ဆင်နေသည်ဟုဆို

မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် အတက်ရောဂါရှိသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့သူများကို ဖမ်းဆီးထားပြီးအမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိချောင်းတွင် ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့

လိုင်ဇာမြို့အနီးရှိ ဂျယ်ယန့်ချောင်း (Je Yang Hka) တွင် ယနေ့နံနက်ပိုင်းက ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နန့်မွန်းတွင် ဒေသခံများ၏ ပိုင်ဆိုင်မှုများ ခိုးယူခံနေရ

စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ရှိဒေသခံများ၏နေအိမ်များ ယခုရက်ပိုင်းအတွင်း မွှေနှောက်ခိုးယူဖျက်ဆီးခံနေရကြောင်း သိရသည်။

ဥရုချောင်းရေ မြင့်တက်လာသဖြင့် ဖားကန့်ဒေသခံများ ဘေးလွတ်ရာသို့ထပ်မံပြောင်းရွှေ့

ဖားကန့်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဥရုချောင်းရေထပ်မံမြင့်တက်ခဲ့ပြီး ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထပ်မံပြောင်းရွေ့ရကြောင်း သိရသည်။

ရေကြီးစဉ် ကမ်းပါးနှင့်အတူနေအိမ်မျောပါသွားသည့် ဝိုင်းမော်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဖြစ်နေ

မြစ်ရေကြီးချိန် ရေတိုက်စားမှုကြောင့် ခြံဝန်းမြေနေရာနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများစွာလိုအပ်နေကြောင်း သိရသည်။

မချမ်းဘော့တွင် ဒေသခံများစက်သုံးဆီဝယ်ယူရန်ခက်ခဲနေသော်လည်း စက်ယန္တရားဖြင့်ရွှေတူးဖော်မှုများ ပြန်လည်စတင်နေ

ဒေသခံပြည်သူများ စက်သုံးဆီဝယ်ယူရန်ခက်ခဲနေသည့် ပူတာအိုခရိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ရပ်နားထားခဲ့သည့် ရွှေတူးဖော်မှုများ ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်နေကြောင်း သိရသည်။

ချီဖွေတွင် စစ်ရှောင်များနေထိုင်သည့် အဆောင်တစ်ခု ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး

ဖုန်းအားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်သဖြင့် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတစ်ခု ယနေ့နံနက် ၃ နာရီခွဲခန့်က မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့မှ လုပ်ငန်းရှင်များ သိန်းထောင်ချီဆုံးရှုံး၊ အာဏာပိုင်များက ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည်ဟုဆို

အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက ကြိုတင်အသိပေးခြင်းမရှိသောကြောင့် မြစ်ရေကြီးချိန် မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ငန်းရှင်အချို့ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ယူဆရသူများက ဝိုင်းမော်မြို့တွင် အမျိုးသားနှစ်ဦးကို သတ်ဖြတ်

ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ယူဆရသူများက သတ်ဖြတ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဝိုင်းမော်မြို့တွင် ယနေ့နံနက် ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုများကြောင့် မြောင်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ၊ မတ်ပဲစိုက်ခင်းအများအပြား ရေနစ်မြုပ်သွား

မြစ်ရေမြင့်တက်လာသောကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံများ၏ မတ်ပဲစိုက်ခင်းအများအပြား ရေနစ်မြုပ်သွားပြီး ဒေသခံပြည်သူအားလုံး ရေဘေးရှောင်နေရကြောင်း သိရသည်။

PSLF/TNLA ၏ ထုတ်ပြန်ချက်သည် ကလေးကလားဆန်ပြီး အခြေအမြစ်မရှိဟု SSPP/SSA တုံ့ပြန်

တအာင်းတပ် (PSLF/TNLA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်သည် ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်များကို တစ်ဖက်သတ် စွပ်စွဲမှုများသာဖြစ်သောကြောင့် FPNCC အဖွဲ့က စိစစ်ထိန်းသိမ်းပေးစေလိုသည်ဟု SSPP/SSA က ယမန်နေ့...