ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် မြစ်ကြီးနားမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေ
မြစ်ရေကြီးချိန်က ရေဝင်ရောက်မှုအဆိုးဆုံးခံစားခဲ့ရသည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် ဒေသခံများကကိုယ်ထူကိုယ်ထ သန့်ရှင်းရေးများလုပ်ဆောင်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများဆက်လက်လိုအပ်နေကြောင်း သိရသည်။