Month: August 2024

တရုတ်က နယ်စပ်ဒေသတိုက်ပွဲများနှင့်ပတ်သက်ပြီး TNLA ထံ ခြိမ်းခြောက်စာပို့

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို နယ်စပ်ဒေသတိုက်ပွဲများ ရပ်တန့်ရန်နှင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအားလုံးကို တာဝန်ယူရမည်ဟု ရေးသားထားသည့် သတိပေးစာ တရုတ်က ယမန်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတွင်ခုနှစ်လအတွင်း အရပ်သားပြည်သူ ၅၀၀ ခန့်သေဆုံးဟုဆို

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းတို့ကြောင့် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ခုနှစ်လအတွင်း အရပ်သားပြည်သူ ၅၀၀...

ရေကြီးသောကြောင့်ပျက်စီးခဲ့သည့် မြစ်ကြီးနား – ပူတာအိုလမ်း ကားများပြန်လည်ပြေးဆွဲ

နှစ်လခန့်ကြာကုန်သွယ်မှုရပ်နားခဲ့ရသည့် မြစ်ကြီးနား – ပူတာအိုလမ်းတွင် ယမန်နေ့မှစတင်ကာ ကုန်တင်ကားအချို့ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

မျောက်ကျောက် (Mpox) ရောဂါ ဘယ်လိုကာကွယ်နိုင်မလဲ?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားသော်လည်း ကိုဗစ်ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်လာမည်မဟုတ်ကြောင်းနှင့် အစိုးရိမ်မကြီးရန် သတိပေးထားသည်။ အဆိုပါရောဂါမှာ ၁၉၇၀ ခုနှစ်မှစတင်ကာ အာဖရိကအလယ်ပိုင်းနှင့်...

ပင်လည်ဘူးတွင် ရဲစခန်းတစ်ခုသာကျန်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်ရဲစခန်းတစ်ခုသာကျန်ရှိကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေသောကြောင့် ဗန်းမော်မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေ

KIA တိုက်ခိုက်သိမ်းပိုက်ထားသောတပ်စခန်းသို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုး လှုပ်ရှားနေသောကြောင့် ဗန်းမော်မြို့ပြင်တွင် မကြာခဏတိုက်ပွဲများဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

အာဏာသိမ်းခြင်းကို လက်နက်ကိုင်ဖြေရှင်းသည်မှာ ပညာတတ်နည်းပါးခြင်းကြောင့်ဟု စစ်ခေါင်းဆောင်ပြော

နိုင်ငံရေးအရ အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေခြင်းမှာ ပညာတတ်နည်းပါးလာခြင်းကြောင့်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြောင်း ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မြစ်ကြီးနားမြို့အတွင်းရှိ ဆေးဆိုင်များတွင် သာမန်အိမ်သုံးဆေးများပင် ပြတ်လပ်နေဟုဆို

ဆေးဆိုင်ကြီးများက လက်ကားရောင်းချပေးခြင်းရပ်တန့်လိုက်ပြီး ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များနှင့် ဆေးပေးခန်းများတွင် သာမန်အိမ်သုံးဆေးမှအစ နာတာရှည်ရောဂါအတွက်ဆေးများအပါအဝင် ပြတ်လပ်လာနေကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး၊ သုံ့ပန်း ငါးဦးဖမ်းမိထားဟုဆို

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာနှစ်ခုတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ရဲ့လုံခြုံရေးတံတိုင်းကို KIA ကျော်ဖြတ်၊ ဖားကန့်မှာ KIA ထိုးစစ်ပြန်လည်စတင်

KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တစ်လနီးပါးတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ မိုးမောက်မြို့အဝင်က ခမရ (၄၃၇) တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ခဲ့သလို ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကျောက်စိမ်းရတနာမြေ...

အောက်ဆီဂျင်မလုံလောက်လို့ ဆေးရုံများတွင်လူနာအချို့ အခက်ကြုံနေရဟုဆို

မြစ်ကြီးနားမြို့ရှိ အောက်ဆီဂျင်ဖြည့်ပေးသည့် စက်ရုံများတွင်စက်ချို့ယွင်းနေသောကြောင့် အလုံအလောက်ရရှိရန် ခက်ခဲနေကြောင်း သိရသည်။