Month: August 2024

တီယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

မြစ်ကြီးနား – ပူတာအိုလမ်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ရှစ်နာရီခွဲခန့်တွင် KIA တပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းသိရသည်။

ညောင်ပင်ကြီးကျေးရွာရဲစခန်းရှိ စစ်ကောင်စီဂိတ်ပစ်ခတ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြစ်ဆုံအထက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA တိုက်ခိုက်

မြစ်ဆုံအထက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နံနက် ခုနှစ်ခွဲခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။