Month: September 2024

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီတပ်က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်

ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် နယ်မြေအများအပြားလက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်စာရင်းသွင်းကြောင်း ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက ကြေညာလိုက်သည်။

ဖားကန့်မြို့နယ်နေရာအချို့တွင် ATOM(Telenor) နှင့် MPT ဖုန်းလိုင်း ပြန်လည်ရရှိ

ဆက်သွယ်ရေးလိုင်းများအားလုံးဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်ရှိ နေရာအချို့တွင် MPT နှင့် ATOM (Telenor) ဖုန်းလိုင်းများပြန်လည်ရရှိသော်လည်း ဆက်သွယ်ရခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတင်သင်္ဘောငါးစီးကို လေယာဉ်ဖြင့်လုံခြုံရေးယူကာ ကသာသို့ပို့

လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့်စစ်သင်္ဘောငါးစီး ယနေ့ညနေ ၃ နာရီခန့်က ကသာမြို့နယ်သို့ရောက်ရှိခဲ့ပြီး လုံခြုံရေးယူပေးသော စစ်ကောင်စီလေယာဉ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မိုးမောက်ဘက်ကို စစ်ကောင်စီ ထိုးစစ်ပြန်ဆင်၊ အင်းတော်၊ ထီးချိုင့်နဲ့ပင်လည်ဘူးမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ဘက်ကို စစ်ကောင်စီတပ်က အင်းအားအများအပြားနဲ့ စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အတွက် ဗန်းမော်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေသလို ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ စစ်ကိုင်းတိုင်းက ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာ KIA...