Month: October 2024

ပန်ဝါရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA အပြီးသတ်သိမ်းပိုက်

လုပိကျေးရွာရှိ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် (၁၀၀၂) ကို KIA ပူးပေါင်းတပ်က ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် လပ်ကီးမဲန်းဟိုတယ်အနီး သေဆုံးခဲ့သူများကို အရိုးစုများအဖြစ်ပြန်လည်တွေ့ရှိ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းမိ

စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်အထူးဒေသ (၁) နယ်မြေအတွင်း KIA နှင့် PDF ကို အလိုမရှိကြောင်း ဆန္ဒပြ

ချီဖွေမြို့နယ်၊ ချန်းမောခုန်းဒေသတွင် ယနေ့နံနက်ပိုင်းက KIA ပူးပေါင်းတပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။