မိုးမောက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မိုးမောက် – လွယ်ဂျယ်လမ်းမှာ စစ်ကောင်စီကင်းစင်၊ ထိုးစစ်အရှိန်တင်နေဆဲ KIA

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပါတ်ကတော့ KIA ပူးပေါင်းတပ်က မိုးမောက် – လွယ်ဂျယ်သွားတဲ့ လမ်းက စစ်ကောင်စီတပ်စခန်း အကြီး၊ အငယ် အပါအဝင် စုစုပေါင်း ၁၂ ခုထက်မနည်း...

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နယ်မှ သံဃာတော်တစ်ပါး၊ ကလေးသူငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ည ခုနှစ်နာရီခန့်က သံဃာတော်တစ်ပါးနှင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် KTV မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ

ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့သည့် ဆားမှော်ဒေသခံအားလုံး ပြန်လွတ်ပြီ

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ယမန်နေ့ နံနက် ၇ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဗုံးကြဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူများမှ နှစ်ဦးထပ်မံသေဆုံး

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများမှ နှစ်ဦးထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူ ခုနှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA ထပ်မံတိုက်ခိုက်သိမ်းပိုက်

မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ ညနေ ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထမ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့ကို KIA ဆက်လက်ပိတ်ဆို့ထား၊ ရဲတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးပြီး စစ်တပ်နှင့်ပေါင်း

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားသည့် လွယ်ဂျယ်မြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကောက်စိုက်သမများကို ဖမ်းဆီးကာ PDF အလိုမရှိ‌ကြောင်း အတင်းအကြပ်အော်ခိုင်း

စစ်ကောင်စီတပ်က ကောက်စိုက်သမများကို ဖမ်းဆီးကာ PDF အလိုမရှိကြောင်း အော်ခိုင်းပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် ကောက်မစိုက်ရဲဖြစ်နေကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ကျည်အစစ်အသုံးပြုကာ စစ်ရေးလေ့ကျင့်နေ

စစ်ရေးအရှိန်မြင့်လာသည့် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်၊ ယင်ကျန်းမြို့တွင် ယနေ့နံနက်မှစတင်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်မှုပြုလုပ်နေကြောင်း သိရသည်။

မိုးမောက်မြို့တွင် တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် မိုးမောက်မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ ယမန်နေ့မှစတင်ကာ ထွက်ပြေးတိမ်ရှောင်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့အဝင်ရှိ ကျေးရွာနေပြည်သူများကို တိမ်းရှောင်ရန် KIA ပြော၊ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ

မြစ်ကြီးနားမြို့နယ်ရှိ အကျဲကျွေးရွာနေ ဒေသခံပြည်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိမ်းရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်ပြောကြောင်း ဒေသခံပြည်သူများထံက သိရသည်။