ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အ.ထ.က(၂)ကျောင်းအနီးတွင်
ယနေ့ည ခုနှစ်နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ယခုလို ပြောသည်။
“ဗုံးကွဲသံကျယ်တာကတော့ တစ်မြို့လုံးတောင် ကြားမယ်ထင်တယ်။
အထက (၂) ကျောင်းအနောက်ပေါက်လမ်း အရှေ့ရိပ်သာသွားတဲ့ဘက်မှာ ကွဲတာပါ”ဟု ပြောသည်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိ၊ မရှိ မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
လက်ရှိအချိန်တွင် ဗုံးပေါက်ကွဲသောနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိနေကာ
စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော မိုးညှင်းမြို့ရှိ အ.ထ.က(၂)ကျောင်းတွင်
ကျောင်းတက်နေကြသော ဆရာ/မများနှင့် ကျောင်းသူ/သားများ (၁၀၀)ကျော်ရှိကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ